ဟိုပင်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၃၀) သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က (၅)ဦး ကျဆုံး

ဟိုပင်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၃၀) သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က (၅)ဦး ကျဆုံး

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်တွင် ထိုးစစ်ဆင်လာသည့် အကြမ်း  ဖက်စစ်ကောင်စီတပ် အင်အား(၃၀၀)နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား(၃၀)သေကာ PDF (၅)ဦးသည် ပြန်လည်ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရကြောင်း ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်(KPDF-Hopin)က မတ်လ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မတ်လ(၁၉)ရက်နေ့ကစတင်ပြီး ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ် ကောင်စီတပ်နှင့် တိုက်ပွဲရက်ဆက်ဖြစ်ကာ အထိနာသည့် အကြမ်း ဖက်စစ်ကောင်စီတပ်က ‌လက်နက်ကြီးနှင့်အပြင် လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ထိုးစစ်ဆင်နေသဖြင့် မြေပြင်ရှိပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများ၏ မြေပြင်လှုပ်ရှားမှုသတင်းများကို အချိန်နဲ့တပြေးညီ Kachin Region People Defense Force - KPDF - HopinPage Messenger တွင် လာရောက်သတင်းပေးကာ ကူညီကြရန် တိုက်တွန်းထားသည်။

ပေးပို့ရမည့်အချက်များမှာ စစ်ကောင်စီတပ်သားအင်းအား၊ စစ်ကောင်စီတပ်သားများသွားလာလှုပ်ရှားမှု၊ စစ်ကောင်စီတပ်သားများ ၏ ရိက္ခာအထုတ်အပိုးသွင်ပြင်ပုံစံ၊ စစ်ကောင်စီတပ်သားများ၏ လှုပ်ရှားမှုပုံစံတို့ကို သတင်းပေးကြပါရန် မေတ္တာရပ်ခံထားခြင်းဖြစ်သည်။

 

မတ်လ(၂၀)ရက်နေ့ကလည်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် နန့်ရင်းချောင်းတစ်ဖက်ကမ်း အရှေ့တောင် ဘက်သို့ ပြည်သူများမလာကြရန် မေတ္တာရပ်ခံခဲ့သေးသည်။