ကျွန်းစုမြို့နယ်တွင် WYဆေးပြား ရောင်းဝယ်သုံးစွဲနေသူ ၃ ဦးကို ဒေသကာကွယ်ရေးတပ်များဖမ်းဆီး

ကျွန်းစုမြို့နယ်တွင် WYဆေးပြား ရောင်းဝယ်သုံးစွဲနေသူ ၃ ဦးကို ဒေသကာကွယ်ရေးတပ်များဖမ်းဆီး
စက်တင်ဘာ 5, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲနေသူများအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့တွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ဖမ်းဆီးခဲ့ရာ ကော့ကနင်းကျေးရွာနေ ကိုအောင်ကိုလတ်ထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား (၁၀၁၀)လုံး၊ မြိုင်သာကျေးရွာနေ ကိုစိုးသန်းနှင့် ကိုသန်းထိန်(ခ)ကုလားထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၀)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းမူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲသူ(၃)ဦးကို ထိုက်သင့်သောအပြစ်ဒဏ်ပေး၍ နောက်နောင် မူးယစ်ဆေးဝါးများ ရောင်းဝယ်၊ ဖြန့်ဖြူးသုံးစွဲခြင်းများ လုံးဝမပြုလုပ်ရန် သတိပေးခဲ့ပြီး သိမ်းဆည်းရမိခဲ့သော WY စိတ်ကြွရူးသွပ်ဆေးပြား (၁၀၃၀)လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးသုံးစွဲသူ (၃)ဦးကို ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တပ်ဖွဲ့ဝင်များနှင့် တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo :ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ