ရွှေကူ K-PDF တပ်ရင်း (၁၂)နယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများကို ဖွင့်ခွင့်မပြု

ရွှေကူ K-PDF တပ်ရင်း (၁၂)နယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများကို ဖွင့်ခွင့်မပြု

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းရှိ ရွှေကူ K-PDF တပ်ရင်း (၁၂)နယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများကို လုံးဝဖွင့်ခွင့်ပြုမည်မဟုတ်ဟု ရွှေကူ K-PDF တပ်ရင်း(၁၂)က ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။



ထို့ကြောင့် ပြည်သူများအနေဖြင့် ကလေးငယ်များ၏ အနာဂါတ်အတွက် စစ်ကောင်စီလက်အောက်ရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားခြင်းမပြုဘဲ တော်လှန်ရေးတွင် တဖက်တလမ်းမှ ပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။



စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများတွင် အတန်းတင်ထားသောကျောင်းသားများကို တရားဝင်အသိအမှတ်ပြုမည်မဟုတ်ဟုလည်းဆိုသည်။



စစ်ကောင်စီလက်အောက်ခံ Non-CDMဝန်ထမ်းများနှင့် စစ်ကောင်စီကို အားပေးအားမြှောက်ပြုလုပ်နေသော စစ်ကောင်စီလက်ပါးစေ မည်သူမဆို ထိုက်သင့်သောပြစ်ဒဏ်များဖြင့် အရေးယူခြင်းခံရမည်ဟုလည်း သတိပေးထုတ်ပြန်ထားသည်။



စစ်ကောင်စီထောက်ခံသူများကမူ တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများ၌ ကျောင်းမတက်ရန် ပြော‌ဆိုနေမှုသည် ကလေးများအား စာမတတ်မြောက်စေရန် လုပ်နေသည်ဟု ပြောဆိုကြသော်လည်း ကလေးများ စာတတ်မြောက်စေရန် NUGအသိအမှတ်ပြု စာသင်ကျောင်းများ၌ ထားသည့်အခါ ဖမ်းဆီးခံရသည်များလည်းရှိနေသည်။



#TachileikNewsAgency