လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့တန်းစစ်မြေပြင်ဆေးတပ်ဖွဲ့ အပတ်စဉ်(၂) သင်တန်းဆင်းပွဲပြုလုပ်

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့တန်းစစ်မြေပြင်ဆေးတပ်ဖွဲ့ အပတ်စဉ်(၂) သင်တန်းဆင်းပွဲပြုလုပ်

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့တန်းစစ်မြေပြင်ဆေးတပ်ဖွဲ့ သင်တန်းအပတ်စဉ်(၂) သင်တန်းဆင်းပွဲအား ၂၀၂၄ခုနှစ် မေလ (၆) ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ရှေ့တန်းစစ်မြေပြင်ဆေးတပ်ဖွဲ့သင်တန်းဆင်းပွဲကို လောင်းလုံး(ပကဖ)မှ ရေးရာတာဝန်ခံများနှင့် လောင်းလုံး(ပအဖ)မှ တာဝန်ရှိသူများ တက်ရောက်အမှာစကားပြောခဲ့ကြောင်း သိရသည်။

လောင်းလုံး(ပကဖ)အနေဖြင့် ပထမအကြိမ် အပတ်စဉ်(၁)သင်တန်း၊ ဒုတိယအကြိမ် ထပ်ဆင့်မွမ်းမံသင်တန်းနှင့် တတိယအကြိမ် အပတ်စဉ်(၂) ရှေ့တန်းစစ်မြေပြင်ဆေးတပ်ဖွဲ့ သင်တန်းများအား အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံးမြို့နယ် - LLPDF