ခင်ဦးမြိုနယ်အတွင်း ရေအေးကုန်းရွာမှ နေအိမ်များကို မီးရှို့ပြီး နွားများကို သတ်ဖြတ်ကာ နံရံများတွင် ဆဲဆိုစာရေးသားခြင်းများ စစ်ကောင်စီတပ်က ပြုလုပ်သွား

ခင်ဦးမြိုနယ်အတွင်း ရေအေးကုန်းရွာမှ နေအိမ်များကို မီးရှို့ပြီး နွားများကို သတ်ဖြတ်ကာ နံရံများတွင် ဆဲဆိုစာရေးသားခြင်းများ စစ်ကောင်စီတပ်က ပြုလုပ်သွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ရေအေးကုန်းရွာတွင်းမှ နွား(၇)ကောင်ကို ပစ်သတ်ကာ နေအိမ်နှင့် စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။



၎င်းစစ်ကောင်စီတပ်သည် ၂၀၂၃ခုနှစ်၊ ဇွန်(၁)ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဇွန်လ(၉)ရက်နေ့တွင် ခင်ဦးမြို့နယ်၊ ရေအေးကုန်းရွာတွင်း ညအိပ်တပ်စွဲကာ ယနေ့ ဇွန်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းတွင် ဖိုလ်ကုန်းပျူစောထီးရွာသို့ ဝင်ရောက်သွားကြောင်း သိရသည်။



စစ်ကောင်စီတပ်သည် ရေအေးကုန်းရွာမှ သိုး(၂)ကောင်နှင့် ဝက်တစ်ကောင်အား သတ်စားပြီး နေအိမ်(၄)လုံးနှင့် စာသင်ကျောင်းဆောင်တစ်လုံးအား မီးရှို့ဖျက်စီးကာ နွားနှင့်သိုးအကောင်(၇၀)ကျော်အား ဖိုလ်ကုန်းပျူစောထီးရွာသို့ မောင်းယူသွားသည်ဟု သိရ သည်။



ရေအေးရွာကို မီးရှို့ဖျက်ဆီးပြီး‌နောက် နေအိမ်များတွင် PDFများအား မိုင်းမထောင်ရန်နှင့် သေနတ်ချင်းယှဥ်ပစ်မည်ဟု စိန်ခေါ်ကာ ဆဲဆိုသည့်စာများ ရေးသွားကြကြောင်း သိရသည်။



အဆိုပါ စစ်ကာင်စီတပ်သားများသည် သံဘိုရွာတောင်ဘက်တွင် မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးသူရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံး၍ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။



ယခုစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လ(၆)ရက်နေ့ကလည်း မိုးနတ်ကျေးရွာမှ နေအိမ်(၇)လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။



ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာ(၄၆)ရွာမှ နေ အိမ်ပေါင်း(၆,၀၀၀)ဝန်းကျင်အထိ မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံ (၃၀,၀၀၀)ကျော် တိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းဖော်ပြထားသည်။



#TachileikNewsAgency

Photo : ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး