ဘီးလင်းမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ဆယ်လုံးထက်မနည်း ပစ်ခတ်

ဘီးလင်းမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ဆယ်လုံးထက်မနည်း ပစ်ခတ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ အလူးလေးအလယ်ရွာနှင့် အနောက်ရွာအတွင်းကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ နေအိမ်အဆောက်အဦးများ ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ် တပ်စွဲထားသည့် အလူးကျေးရွာအကျော် အလုံတောင်ခြေမှ အလူးလေးအလယ်ရွာ နှင့် အနောက်ရွာအတွင်းကို လက်နက်ကြီး (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့သဖြင့် ရွာအတွင်းရှိ နေအိမ်အဆောက်အဦးများ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးများအနက် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်

(၂)လုံးကိုလည်း တွေ့ရှိကြောင်း Kyaikhto Information Organizationက ဖော်ပြထားသည်။

ဇူလိုင် (၂၀)ရက်နေ့ကလည်း စစ်ကောင်စီတပ်သားများသည် အလူးလေးကျေးရွာအတွင်းသို့ ဝင်ရောက်မွှေနှောက်ပြီး ပြန်ဆုတ်ချိန်တွင် အရပ်သား(၇)ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးသွားပြီးနောက် ၎င်းတို့စခန်းအရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာ(အီစူခီး)နှင့် ခေါ်ထီးခီးရွာကြားတွင်လည်း  ဇူလိုင်လ (၂၃)ရက်နေ့က စစ်ကောင်စီတပ်နှင့် KNDOတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး သေကာ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ဇူလိုင်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ (၂၃)ရက်နေ့တွင်ပင် ကရင်ပြည်နယ် မြဝတီမြို့ဘက်သို့ စစ်ကူတက်လာသော စစ်ကာင်စီယာဥ်တန်းမှ Fawကား(၁၂)စီးအား ဘီးလင်းမြို့နယ်အတွင်း၌ KNLA၊ ဘီးလင်း(ပကဖ)၊ TPDFနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

#TachileikNewsAgency

Photo : Kyaikhto Information Organization