စစ်ကောင်စီတပ်သားတစ်ဦး မန္တလေး PDF ထံ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်

စစ်ကောင်စီတပ်သားတစ်ဦး မန္တလေး PDF ထံ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံသို့  စစ်ကောင်စီတပ်သားတစ်ဦး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း သိရသည်။

၎င်းသည် MA -11 တစ်လက်၊ ကျည်ဘောက် (၇)ခု၊ ကျည် (၂၅၀)တောင့်၊ ဆိုင်ကယ်တစ်စီးဖြင့် အလင်းဝင်ရောက်လာခြင်း ဖြစ်သည့်အတွက် ၎င်းအား ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ပြည်သူလူထုဘက်သို့ ရပ်တည်၍ အလင်းဝင်ရောက်လိုသော စစ်ကောင်စီတပ်သားများအား နွေးထွေးလုံခြုံစွာလက်ခံမည်ဟု ထုတ်ပြန်ထားသည်။