ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဗိုလ်မှူးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ခံရ

ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဗိုလ်မှူးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတို့  ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၇)ရက်နေ့၊ နေ့လည်ပိုင်းက ပစ်ခတ်ခံကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးနှင့် ဗောဓိကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး သူရတို့ နှစ်ဦးသည်  ဆိုင်ကယ်စီးလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဆေးရုံအရောက်တွင် ‌ ‌သေဆုံးသွားကြောင်း ပဲခူးတိုင်းPDFက သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ကျောက်တံခါးမြို့နယ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦးခန့် ရောက်ရှိလာပြီး ဓူတင်ကုန်းတောရကျောင်းတိုက်နားမှ စစ်တောင်းမြစ်ကမ်းနဖူးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

သေဆုံးသွားသည့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူး၏ အမည်နှင့် ကိုယ်ပိုင်အမှတ် အသေးစိတ်အား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

#TachileikNewsAgency