ကလေးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်၍ ငွေကျပ်သိန်း(၅၀) ဆုချီးမြှင့်

ကလေးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်၍ ငွေကျပ်သိန်း(၅၀) ဆုချီးမြှင့်

စစ်ကိုင်းတိုင်း ကလေးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ CDF - KKG ထံ ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၉)ရက်နေ့တွင် အလင်းဝင်လာကြောင်း သိရသည်။

၎င်းသည် G3 လက်နက် အမျိုးစားတစ်လက်၊ ကျည်ဘောက်(၅)ခု၊ ကျည်ဆံအတောင့်(၃၃၀)၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ  CDF - KKG ထံသို့ လာရောက်အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရဲတပ်သားအား ကျပ်သိန်း(၅၀)ဆုချီးမြင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း CDF-KKG ထံမှ သိရသည်။

#TachileikNewsAgency

Photo: Chinland Defense Force, Kalay-Kabaw-Gangaw