ဖယ်ခုံမြို့ရှိ အ.ထ.က(၁ )ကျောင်းဆောင် မီးလောင်

ဖယ်ခုံမြို့ရှိ အ.ထ.က(၁ )ကျောင်းဆောင် မီးလောင်
ဇွန် 4, 2023 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းဆောင်တစ်ခု ၂၀၂၃ခုနှစ်၊ ဇွန်လ(၃)ရက်နေ့၊ ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ကျောင်းသားတွေတော့ စတက်နေပြီပေါ့။ ဘယ်ကစလောင်ပြီး ဘယ်သူရှို့တာလည်း မသိရသေးဘူး။ လောင်တာတော့ ည(၁၁)နာရီကျော်ပဲ။ (၇)တန်းဆောင် သစ်သားဆောင် လောင်သွားတယ်။ အဲဒီအနီးအနားမှာ တိုက်ပွဲဖြစ်တာမျိုးလည်းမရှိဘူး။"ဟု ဖယ်ခုံမြို့ဒေသခံတစ်ဦးက Tachileik News Agency ကို ဇွန်လ(၃)ရက်နေ့၊ ည(၁၂)နာရီကျော်တွင်ပြောသည်။

ယင်းကျောင်းဆောင် မီးလောင်မှုဖြစ်စဉ် အသေးစိတ်ကိုမူ မသိရသေးပေ။ ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါကျောင်းအတွင်း စစ်ကောင်စီ၏ တပ်မ(၅၅)နှင့် တပ်မ(၆၆)တို့ သွားလာနေသည်ကို တွေ့ရကြောင်း ‌ပြောဆိုကြသည်။

#TachileikNewsAgency

Photo : CJ