ကလောမြို့နယ်အတွင်း ရေယားစစ်ဆေးရေးဂိတ်တွင် လာသမျှကို ဇွန်လ(၁၈)ရက်နေ့က စ၍ Covid-19 ပြန်လည်စစ်ဆေးမည်ဖြစ်ပြီး Stay at Home ဒေသက လာသူများကို (၁၀)ရက် Quarantine ထားမည်

ကလောမြို့နယ်အတွင်း ရေယားစစ်ဆေးရေးဂိတ်တွင် လာသမျှကို ဇွန်လ(၁၈)ရက်နေ့က စ၍ Covid-19 ပြန်လည်စစ်ဆေးမည်ဖြစ်ပြီး Stay at Home ဒေသက လာသူများကို (၁၀)ရက် Quarantine ထားမည်
ဇွန် 16, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းနှင့်ပြည်နယ်များမှ ဝင်ရောက်နိုင်သည့် ကလောမြို့နယ်အတွင်းရှိ ရေယားစစ်ဆေးရေးဂိတ်တွင် ၂၀၂၁ခုနှစ် ဇွန်လ(၁၈)ရက်နေ့က စ၍ ဝင်ရောက်လာသူမှန်သမျှကို RDT Test Kit ဖြင့် Covid-19 ပြန်လည် စတင် စစ်ဆေးတော့မည်ဖြစ်ကြောင်း ကလောမြို့နယ် Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ဇွန်လ(၁၅)ရက်နေ့က အသိပေးထားရှိသည်။

 Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ဝင်ရောက်လာသူများကို (၁၀)ရက် Quarantine ထားရှိပြီး (၃)ရက်မြောက်နေ့နှင့် (၇)ရက်မြောက်နေ့တို့တွင် Covid-19 (၂)ကြိမ် စစ်ဆေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

သတ်မှတ်ချက်များ ဖောက်ဖျက်သည့် ယာဉ်မောင်းများကို နောက်တစ်ကြိမ် လာရောက်ခွင့် ပိတ်ပင်မည်ဖြစ်ပြီး ဆင့်ကဲ လိုက်နာမှုများ မရှိသူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေဖြင့်ပါ အရေးယူမည်ဟု သတိပေးထားရှိသည်။

ရှမ်းပြည်နယ်အတွင်း၌ လက်ရှိတွင် လားရှိုးမြို့တွင် ဇွန်လ(၇)ရက်နေ့က စ၍ ဇွန်လ(၁၆)ရက်နေ့အထိ Covid-19 ပိုးရှိသူ (၇၀)ဦးအထိ စစ်ဆေးတွေ့ရှိထားသည်။