ထိုင်းနိုင်ငံတွင် ဘဏ်က သိမ်းထားသည့် နေအိမ်ကို ပြန်ဝယ်ယူသူ အမျိုးသမီးအား အိမ်ပိုင်ရှင်ဟောင်းက ပစ်သတ်

ထိုင်းနိုင်ငံတွင် ဘဏ်က သိမ်းထားသည့် နေအိမ်ကို ပြန်ဝယ်ယူသူ အမျိုးသမီးအား အိမ်ပိုင်ရှင်ဟောင်းက ပစ်သတ်
By Mr John

 

ထိုင်းနိုင်ငံ ပထွန်ဌာနီပြည်နယ် Thanyaburi ခရိုင်တွင် ဘဏ်တစ်ခုထံမှ နေအိမ်ဝယ်ယူခဲ့သည့် အမျိုးသမီးတစ်ဦးကို ထိုနေအိမ်မှ ဖယ်ရှားပေးရန် ငြင်းဆန်ခဲ့သူ အိမ်ပိုင်ရှင်ဟောင်းက ပစ်သတ်မှု ၂၀၂၃ခုနှစ် မေလ (၃၀) ရက် မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သည်။ 

ထိုနေအိမ်ကို ဘဏ်က သိမ်းယူခဲ့ပြီး‌ ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း နှင့် Legal Execution Department မှတစ်ဆင့် ထိုနေအိမ်ကို ဝယ်ယူဝယ်ခဲ့သည့် အမျိုးသမီးကို ပစ်သတ်ခဲ့သူမှာ အသက် (၆၅) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းမှာ အိမ်ပိုင်ရှင်ဟောင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ 

ပစ်ခတ်မှုဖြစ်ပွားသည့် နေရာသို့  ယင်းနေ့၏ မွန်းလွဲ (၃) နာရီအချိန်တွင် ရဲတပ်ဖွဲ့ ရောက်ရှိပြီးနောက် ပစ်သတ်ခံရသည့် အမျိုးသမီးကို နေအိမ်အပြင်ဘက် လမ်းမပေါ်တွင် လဲကျသေဆုံးလျက်သား  တွေ့ရကြောင်း သိရသည်။ 

ပိုင်ရှင်ဟောင်းက ဖယ်မပေးဘဲ ခိုအောင်းနေသည့် အဆိုပါ နေအိမ်ကို ရဲတပ်ဖွဲ့က ဝိုင်းထားကာ စေ့စပ်ညှိနှိုင်းသူများက အိမ်ပိုင်ရှင်ဟောင်းကို လက်နက်ချ အဖမ်းခံရန် စည်းရုံးပြောဆိုနေခဲ့ကြောင်း သိရသည်။



အိမ်ပိုင်ရှင်သစ် အမျိုးသမီးက အိမ်ပိုင်ရှင်ဟောင်း အမျိုးသားကို အိမ်ကနေ ဖယ်ရှားပေးရန်အတွက် စကားပြောရန် ရောက်လာခဲ့ချိန်တွင် ထိုအမျိုးသားက အမျိုးသမီးကို သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု ဆိုသည်။

Source: Bangkok Post