နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ခိုက်

နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ခိုက်
အောက်တိုဘာ 18, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း နတ်တလင်းမြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့က စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်းနှင့် Phoenix DFတပ်များက တိုက်ခိုက်ခဲ့ကြောင်း အဆိုပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

နတ်တလင်းမြို့နယ် သပြေပင်သုံးလုံးပြူးမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်းနှင့် Phoenix DFတပ်တို့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့သည့် စစ်ကောင်စီတပ်သည် ဆင်စခန်းမှ ဆင်နှင့် ဆင်ဝိုင်းမိသားစုဝင်များအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဆင်စခန်းမှ ဆင်နှင့် ဆင်ဝိုင်းမိသားစုဝင်များအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး မိုင်းကွင်းများကို ဖြတ်ကျော်ခဲ့ရာ ဉာဏ်လယ်ဗိုလ်တဲကုန်းအရောက်၌ နေ့လယ်ပိုင်းတွင် Phoenix DFတပ်ဖွဲ့က စနိုက်ပါဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဗိုလ်တဲကုန်းမှ ထွက်ခွာလာပြီး စမ်းကြီးရွာအရောက်တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်နိုင်သည့်အပြင် ဆင်နှင့် ဆင်ဝိုင်းမိသားစုဝင်များလည်း ထိခိုက်သွားနိုင်သည်ဟု နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်အနီးတွင် နေထိုင်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ခရီးအတူသွားလာခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အဆက်အသွယ်ပြုလုပ်ခြင်းများအား ရှောင်ရှားကြရန် အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency