လောင်းရှည်တွင် တစ်ညနားခဲ့သည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က လမ်းခရီးတွင် ပြောက်ကျားနည်းဖြင့် ကြားဖြတ် တိုက်ခိုက်

လောင်းရှည်တွင် တစ်ညနားခဲ့သည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က လမ်းခရီးတွင် ပြောက်ကျားနည်းဖြင့် ကြားဖြတ် တိုက်ခိုက်

မကွေးတိုင်း၊ လောင်းရှည်တွင် တစ်ရက်တာ တပ်စွဲခဲ့ပြီး ဆောသို့ ဆက်လက် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ကို တိုက်မိုင်း(၂)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်လိုက်ပြီးနော် အချိန် အတော်ကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း  လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်က သတင်း ထုတ်ပြန်လာသည်။

 ယနေ့ မတ်လ(၃)ရက်နေ့ နံနက်ပိုင် (၉)နာရီခွဲဝန်းကျင်အချိန်က တောင်ဘို့ကြီးရွာအလွန် ကြသောင်းတောင်ကြော အနီးအရောက်တွင်  မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်သည်။

ယင်းနောက် ပြောက်ကျားစနစ်ဖြင့် အသင့်စောင့်ဆိုင်းနေသည့် လောင်းရှည်ပြည်သူ့ကာကွယ်တပ် နှင့် စစ်ကောင်စီတပ်တို့ ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကို လက်နက်ကြီးများဖြင့်  (၁၃)ချက်ခန့် ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်များဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များစွာသုံး၍ ပြန်လည်ပစ် ခတ်ခဲ့ကြောင်း သိရသည်။



(၈)နာရီအကြာ တိုက်ပွဲ ပွဲဖြစ်ပွားခဲ့ပြီး ညနေ(၅)နာရီခွဲဝန်းကျင်တွင် ပြီးဆုံးသွားပြီး လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်များသည် ကြသောင်းတောင်အလွန်၌ ညအိပ် စခန်းချနိုင်သဖြင့် ပြည်သူများ ဆော-လောင်းရှည် လမ်းပိုင်းကို အသွားလာမပြုလုပ်ကြရန် အသိပေးထားသည်။