ရှမ်း - ကယားနယ်စပ်တလျှောက် ဧပြီလအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် (၁၀၈)ကြိမ် တိုက်ခိုက်ခဲ့

ရှမ်း - ကယားနယ်စပ်တလျှောက် ဧပြီလအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် (၁၀၈)ကြိမ် တိုက်ခိုက်ခဲ့

 ရှမ်း - ကယားနယ်စပ်တလျှောက် ဧပြီလအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၁၀၈)ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ ဒေသခံ(၁)ဦးသေပြီး (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၁)ဦးသေဆုံးကာ (၆)ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်များ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံ (၁)ဦးသေဆုံးခဲ့ရသည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူနေအိမ်ပေါင်း (၂၀)ကျော် ပျက်စီးခဲ့ရပြီး ပြည်သူ့ဆေးရုံနှင့် ကိုယ်ထူကိုယ်ထ ဆေးရုံ(၂)ရုံ၊ ကျေးရွာဆေးပေးခန်း (၂)ခန်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

 ယင်းပြင် လက်နက်ကြီးကြောင့် ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း ပျက်စီးခဲ့သည်ဟုလည်း သိရသည်။

ဧပြီလအတွင်း ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ အပါအဝင် ပင်လောင်းမြို့နယ်တို့တွင် တိုက်ပွဲပေါင်း အကြိမ် (၅၀)ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၇၀)ဦးသေကာ၊ (၃)ဦးကို စစ်သုံးပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက်ကြီး ( ၇)လက်၊ လက်နက်ငယ်(၅၂)လက်နှင့် ခဲယမ်းများကို သိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်။

 

တိုက်ပွဲများအတွင်း KNDF B02 မှ ရဲဘော်တစ်ဦးနှင့် KNDF B11 မှ ရဲဘော်တစ်ဦး၊ KNDF B06 မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစ၍ ယနေ့ မေလ (၃)ရက်အထိ ရှမ်း - ကယားနယ်စပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း KNDF ဗဟိုက ယနေ့

မေလ (၃)ရက်တွင် သတင်းထုတ်ပြန်ထားသည်။

 

Photo: KNDF