SSPP/SSA ၏ ယာဉ်တန်း  မိုင်းဆွဲတိုက်ခိုက်ခံရ

SSPP/SSA ၏ ယာဉ်တန်း  မိုင်းဆွဲတိုက်ခိုက်ခံရ
ဧပြီ 29, 2023 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်း ဆလိုင်းခုမ်ကျေးရွာအနီး လဲချား - မိုင်းနောင် လမ်းမကြီးပေါ်တွင် SSPP/SSA ၏ စစ်ကြောင်းယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ယခုလို လုပ်ဆောင်သည်မှာ RCSS/SSA က လုပ်ဆောင်ခြင်းဖြစ်ကြောင်း SSPP က သတင်းထုတ်ပြန်လာသည်။



ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၉)ရက်နေ့ နံနက်(၉)နာရီ (၄၂)မိနစ်အချိန်က လဲချား - မိုင်းနောင် လမ်းမကြီးပေါ်တွင် SSPP/SSA ၏ စစ်ကြောင်းယာဉ်တန်း မိုင်း(၂)လုံး ဖောက်ခွဲတိုက်ခိုက်ခံရသည့်အတွက် SSPP/SSA ဘက်မှ စစ်ကားတစ်စီး ပျက်စီးခဲ့ရသလို တပ်ဖွဲ့ဝင် ရဲဘော် (၄ )ဦး ဒဏ်ရာရရှိကြောင်းနှင့်  အပြစ်မဲ့ ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် သိရသည်။

"လက်ရှိအချိန်တွင် တိုက်ပွဲများ မဖြစ်ပွားသော်လည်း RCSS ဘက်မှ SSPP/SSA ၏ စစ်ကြောင်းတွေကို မိုင်းခွဲတိုက်ခိုက်တာတွေ ၊ ချောင်းမြောင်းပစ်ခတ်တာတွေကို ကြည့်ခြင်းအားဖြင့် RCSS ဘက်က နှစ်ဖွဲ့ကြားက တိုက်ပွဲ ပြေငြိမ်းရန် ဆန္ဒမရှိသဖြင့် SSPP/SSA ကို တိုက်ပွဲဖော်ဆောင်အောင် ဖိအားပေး သလို ဖြစ်နေပါသည်။"ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/RCSS)ဘက်က ယနေ့ ဧပြီလ(၂၉)ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: SSPP info