စစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်အောက်ခံ လုံထန်ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး လက်ဖက်ရည်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၇)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်အချိန်က မူဆယ်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ထိုင်နေသည့် စစ်ကောင်စီတပ်၏ လက်အောက်ခံ လုံထန်ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို သေနတ်ကိုင်ထားသည့် လူတစ်စုက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်သတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၃ခုနှစ် မတ်လ(၃၁)ရက်နေ့ကလည်း မူဆယ်မြို့ သိန်းသန်းချီကားကွင်း အဝင်ဂိတ်တွင် စစ်ကောင်စီတပ်၏ လက်အောက်ခံ လုံထန်ပြည်သူစစ်အဖွဲ့ဝင် (၂)ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုလည်း ဖြစ်ပွားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ်များညွှန်ကြားရေးလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သို့ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ကိုင်သူများနှင့် လောင်ကစားလုပ်ငန်းများ အပါအဝင် တရားမဝင်လုပ်ငန်းများကို လုပ်ကိုင်ကြသူ အများစုသည် စစ်တပ်၏ အကာအကွယ်ရလို၍  ဝင်ရောက်ထားသူများသည်ဟု သိရသည်။