လွိင်ကော်မှ ထွက်လာသည့် ခရီးသည်တင်ယာဥ်များ အပစ်ခံရသဖြင့် ဂိတ်ပြန်ရ

လွိင်ကော်မှ ထွက်လာသည့် ခရီးသည်တင်ယာဥ်များ အပစ်ခံရသဖြင့် ဂိတ်ပြန်ရ
ဧပြီ 26, 2023 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့အထွက် မိုးဗြဲသို့ သွားရာလမ်း ဝါရီကောခူအနီးတွင် ခရီးသည်တင်ယာဥ်များ ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့၏ နေ့လည်ပိုင်းက ပစ်ခတ်ခံရကြောင်း သိရသည်။

မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရသေးသော်လည်း လက်ရှိတွင် အပစ်ခံရသည့် ယာဉ်ပေါ်က ခရီးသည်များအားလုံးကို လွိုင်ကော်ကားဂိတ်သို့ ပြန်လည်ပို့ထားကြောင်း ဒေသခံများထံမှ သိရသည်။

ခရီးသည်တင်ယာဉ်များသည် ဂိတ်မှ နံနက် (၉)နာရီတွင် တိုက်ပွဲကြောင့် မထွက်ဖြစ်ဘဲ နံနက်(၁၁)နာရီမှသာထွက်လာခြင်းဖြစ်ပြီး နေ့လည် (၁၂)နာရီတွင် ပစ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ မဖြစ်ပွားမီအချိန်က KNDF ၏ ဖယ်ခုံဇုံက နံနက်(၁၀)နာရီ (၄၅)မိနစ်အချိန်တွင် "မိုးဗြဲရှိ မိဘပြည်သူများ စစ်ရေးသတိရှိကြပါရန်။ မိုးဗြဲ - ဖယ်ခုံ လမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုကြပါရန်။ အရေးပေါ်အကူညီလိုအပ်ပါက ကယ်ဆယ်ရေးအဖွဲများနှင့် ချိတ်ဆက်ရန်။"ဟု ခရီးသွားပြည်သူများ ဘေးကင်းရေးအတွက် အရေးပေါ် သတိပေးထားသည်ကိုလည်း တွေ့ရသည်။

 အသေးစိတ်အချက်အလက်ကို ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။