ကယားပြည်နယ်၏ ဒုတိယမြောက် Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း

ကယားပြည်နယ်၏ ဒုတိယမြောက် Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း
နိုဝင်ဘာ 7, 2020
By Tachileik News Agency
ကယားပြည်နယ်၏  ဒုတိယမြောက် Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း
ကယားပြည်နယ်တွင် ဒုတိယမြောက် Covid-19 အတည်ပြုလူနာအား ထပ်မံစစ်ဆေးရာ COVID 19 ပိုးမတွေ့ရတော့သဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ  (၇) ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်သည်။
“ အခုက ဒုတိယမြောက်လူနာပါ။ ခုလူနာက နှစ်ပတ်ကုသလိုက်ရပါတယ်။ သူ့ကို နှစ်ပတ်ထိ ထားပေးပါတယ်။ နှစ်ပတ်ပြည့်လို့ ပြန်စစ်တာ  Negative အဖြေထွက်လို့ စိတ်ချပြီးတော့  အိမ်မှာလည်း တစ်ပတ်ဘယ်မှ အပြင်မထွက်ပဲ နေပါ။ ကျန်းမာရေးအတွက်လည်း ဂရုစိုက်ပြီးနေပါ။ ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့  စည်းကမ်းချက်တွေအတိုင်းနေပါလို့ အမတို့ မှာကြားပါတယ်။ စာရွက်လေးနဲ့လည်းရေးပြီး အမတို့မှာကြားထားပါတယ်။ "ဟု လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်စန်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကယားပြည်နယ်၏ ဒုတိယမြောက် Covid-19 အတည်ပြုလူနာမှာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှ အောက်တိုဘာလ (၁၄)ရက်နေ့တွင် ပြန်ရောက်လာ၍ လွိုင်ကော်ပညာရေးကောလိပ်ရှိ quarantine center ၌ အသွားလာကန့်သတ်ပြီး ဓာတ်ခွဲနမူနာစစ်ဆေးရာမှ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ပိုးတွေ့ဓာတ်ခွဲအဖြေရခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်တွင် လက်ရှိအချိန်ထိတွေ့ရသည့် အတည်ပြုလူနာအားလုံးမှာ Covid-19 ပြင်းထန်ရောလက္ခဏာဖြစ်သည့် အဆုပ်ရောင်ခြင်း၊ ဖျားခြင်း ၊ နှာဆေးချောင်းဆိုခြင်း ၊ အနံံ့မရခြင်း စသည့် လက္ခဏာများမရှိဘဲ ကျန်းမာရေးကောင်းမွန်နေကြောင်း သိရသည်။
အတည်ပြုလူနာများအား ကုသရာတွင် ကုသမှုအခန်းအပြင်မှ (၄) နာရီတစ်ခါ တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းမှ ဖုန်းဖြင့် ကျန်းမာရေး အခြေနေမေးမြန်းခြင်းများ ပြုလုပ်ပေးကာ တစ်ပတ်တစ်ခါ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ 
ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် Covid-19 အတည်ပြုလူနာ (၇) ဦးတွင် အတည်ပြုလူနာတစ်ဦး ဆေးရုံဆင်းခွင့်ရရှိ၍ အတည်ပြုလူနာ အမျိုးသမီး (၁)ဦး နှင့် အမျိုးသာ( ၅)ဦး ကျန်ရှိပြီး ကျန်ရှိသည့်  လူနာအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး သမားတော်ကြီးတစ်ဦးနှင့် ဆရာဝန်များက အထူးကြပ်မတ် ကုသပေးနေကြောင်းသိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~