စစ်အကျဥ်းသား (၁,၀၀၀) ကျော်နှင့်အတူ နစ်မြုပ်သွားခဲ့သည့် ဒုတိယကမ္ဘာစစ်သင်္ဘောပျက်ကို နှစ်ပေါင်း (၈၀)ကျော်အကြာတွင် ပင်လယ်ရေအောက်တွင် ပြန်ရှာတွေ့ 

စစ်အကျဥ်းသား (၁,၀၀၀) ကျော်နှင့်အတူ နစ်မြုပ်သွားခဲ့သည့် ဒုတိယကမ္ဘာစစ်သင်္ဘောပျက်ကို နှစ်ပေါင်း (၈၀)ကျော်အကြာတွင် ပင်လယ်ရေအောက်တွင် ပြန်ရှာတွေ့ 
By Mr John

 ဒုတိယကမ္ဘာစစ်ကာလအတွင်း ဩစတြေးလျနိုင်ငံသား စစ်အကျဥ်းသား (၁,၀၀၀) နီးပါးကို တင်ဆောင်လာပြီးနောက် ဖိလစ်ပိုင်နိုင်ငံ ကမ်းလွန်တွင် တော်ပီဒို ထိမှန် နစ်မြုပ်ခဲ့သည့် ဂျပန်ကုန်စည်ပို့ဆောင်ရေးသင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပင်လယ်ရေနက်ပိုင်း စူးစမ်းရှာဖွေသူများက ၂၀၂၃ခုနှစ် ဧပြီလအတွင်းက ပြောသည်။

Montevideo Maru သင်္ဘောပျက်ကို ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်း၏ အနောက်မြောက်ဘက် ကမ်းလွန် တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေအောက်အနက်ပေ (၁၃,၀၀၀) ကျော်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဩစတြေးလျ ဒုတိယဝန်ကြီးချုပ် ရစ်ချတ်မာလက်စ်ကလည်း ၎င်း၏ Twitter အကောင့်တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ (၂၂) ရက်နေ့ ဗီဒီယိုပို့စ်တစ်ခုအတွင်း အတည်ပြုထားသည်။

ထိုသင်္ဘောတွင် ဩစတြေးလျစစ်သား (၈၅၀) အပါအဝင် နိုင်ငံ (၁၆) ခုမှ စစ်အကျဥ်းသား (၁,၀၆၀) ကို တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ၁၉၄၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် အမေရိကန်ရေငုပ်သင်္ဘောတစ်စီးက တော်ပီဒိုဖြင့်ပစ်ခတ်ခဲ့ရာ ထိမှန်နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး (၈၁) နှစ်အကြာတွင် ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ 

တော်ပီဒိုထိမှန် နစ်မြုပ်ခဲ့သည့် ဂျပန်သင်္ဘောတွင် စစ်အကျဥ်းသားများ တင်ဆောင်လာကြောင်း အမှတ်အသား ဖော်ပြထားခြင်းမရှိဟု ဆိုသည်။

Montevideo Maru သင်္ဘောကို ရှာမတွေ့ခြင်းမှာ အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများအတွက် မပြီးဆုံးသေးသည့် လုပ်ငန်းတစ်ရပ် ဖြစ်နေခဲ့ကြောင်း ဩစတြေးလျ ဒု ဝန်ကြီးချုပ် Marles က ရှင်းပြသည်။ 

ထိုသင်္ဘော နစ်မြုပ်ခဲ့မှုအတွင်း သေဆုံးခဲ့သည့် စစ်အကျဥ်းသားများတွင် ဗြိတိန်၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ အိုင်ယာလန်၊ နယ်သာလန်၊ နယူးဇီလန်၊ ဆော်လမွန်ကျွန်းစု၊ ဆွီဒင်နှင့် အမေရိကန် နိုင်ငံသားများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

 

Source: CNN, AFP