ဂန့်ဂေါမြို့နယ်အတွင်း ခေါက်ခူရွာအကြား အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းခွဲ တိုက်ခိုက်

ဂန့်ဂေါမြို့နယ်အတွင်း ခေါက်ခူရွာအကြား အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းခွဲ တိုက်ခိုက်
နိုဝင်ဘာ 21, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း ခေါက်ခူရွာနှင့် ရှောက်ပင်ရွာအကြား  ဒေသကာကွယ်ရေးအဖွဲ့များက မိုင်း(၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်သည့်အတွက် အာဏာသိမ်းစစ်တပ်ဘက်က စစ်ကား(၂)စီး ထိခိုက်ပျက်စီးသွားပြီး အာဏာသိမ်းစစ်သားများ ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း CDF-KKG က သတင်းထုတ်ပြန်လာသည်။

 ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းမှ ထွက်လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကား(၅)စီးအား ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ နေ့လည်(၁)နာရီ ဝန်းကျင်အချိန်က  CDF-KKG တပ်ရင်း (၅) နှင့် YDF Gangaw ပူးပေါင်းတပ်ဖွဲ့မှ မိုင်(၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကား(၂)စီး ထိခိုက်ပျက်စီးသွားပြီး အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို မသိရကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ဒေသကာကွယ်ရေးအဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်းနှင့် မိုင်းဆွဲခံလိုက်ရသည့် အာဏာသိမ်းစစ်တပ်၏ အဖွဲ့သည် ရှောင်ပင်ကျေးရွာအတွင်းရှိ နေအိမ် (၃)အိမ်ကို မီးရှို့ဖျက်ဆီးမှုများ ဝင်ရောက်လုပ်ဆောင်သွားကြောင်းလည်း သိရသည်။