ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဆက်သွယ်၍ CDM လုပ်လာသည့် ရဲတပ်ဖွဲ့ဝင်ကို ဂုဏ်ပြုဆုချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ပေးထား

ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဆက်သွယ်၍ CDM လုပ်လာသည့် ရဲတပ်ဖွဲ့ဝင်ကို ဂုဏ်ပြုဆုချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ပေးထား
ဖေဖော်ဝါရီ 16, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှ ရဲတပ်သားတစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဟုမ္မလင်း)ထံ ချိတ်ဆက်ပြီး CDM လုပ်သည့်အတွက် ဂုဏ်ပြုဆုငွေ ကျပ် (၃၈)သိန်းနှင့်အတူ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ရဲတပ်သားထံမှ  အူဇီသေနတ်တစ်လက်နှင့် ကျည်ဆံ (၁၀၀) ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဟုမ္မလင်း)ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းခေါင်းဆောင်များက စစ်တပ်နှင့် ရဲတပ်ဖွဲ့ကိုသုံး၍ ပြည်သူများကို အကြမ်းဖက်နှိမ်နှင်းမှုကြောင့် စစ်အာဏာရှင်လက်အောက် မနေလိုသည့် တပ်ဖွဲ့ဝင်များသည် နည်းလမ်းမျိုးစုံဖြင့် ပြည်သူ့ဘက်ရပ်တည်ကာ CDM လုပ်နေကြခြင်းဖြစ်သည်။