ထိုင်းနိုင်ငံတွင် ပလောပီနံစိုက်ခင်းအတွင်း ရိုဟင်ဂျာ (၉၆) ဦးနှင့် ထိုင်းအမျိုးသား (၄) ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံတွင် ပလောပီနံစိုက်ခင်းအတွင်း ရိုဟင်ဂျာ (၉၆) ဦးနှင့် ထိုင်းအမျိုးသား (၄) ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး
By Mr John

 

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် Muang ခရိုင်ရှိ ပလောပီနံစိုက်ခင်းတစ်ခုတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ရိုဟင်ဂျာ (၉၆) ဦးကို ၎င်းတို့အား လာရောက်ခေါ်ဆောင်သည့် ထိုင်းအမျိုးသား (၄) ဦးနှင့်အတူ ၂၀၂၃ခုနှစ် ဧပြီလ (၆) ရက် နံနက်အစောပိုင်း၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

သတင်းပေးမှုအရ ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲဗိုလ်ချုပ် Saruti Khwaengsopha က ပြောသည်။

ရိုဟင်ဂျာများမှာ Nong Bua အရပ်ဒေသ Moo5 ကျေးရွာအနီး လမ်းဘေးတစ်နေရာတွင် စောင့်ဆိုင်းနေခဲ့ကြကြောင်း ၎င်းကဆိုသည်။ 

ထိုင်းအမျိုးသား (၄) ဦးက ၎င်းတို့ကို ပစ်ကပ်ထရပ်ကားများဖြင့် လာရောက်ခေါ်ဆောင်ချိန်အထိ ရဲတပ်ဖွဲ့က စောင့်ဆိုင်းနေခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ပလောပီနံ စိုက်ခင်းနေရာကို ထိုင်းအမျိုးသားများနှင့် ရိုဟင်ဂျာအုပ်စု ဆုံမှတ်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

အလုပ်ပွဲစား အမျိုးသမီးတစ်ဦးကို ရိုဟင်ဂျာများကို ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာပြည်နယ် Hat Yai ခရိုင်သို့ ပို့ဆောင်ပေးရန် ၎င်းတို့အား ဘတ် (၁၀၀,၀၀၀) ပေးခဲ့သည်ဟု ထိုင်းအမျိုးသားများက ထွက်ဆိုခဲ့သည်။ 

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ရိုဟင်ဂျာများအနက်မှ အချို့က ၎င်းတို့မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှဖြစ်ပြီး ထိုင်းမှတစ်ဆင့် မလေးရှားတွင် အလုပ်လုပ်ရန်အတွက် တစ်ဦးလျှင် ဘတ် (၁၂၀,၀၀၀) စီ ပေးခဲ့ရသည်ဟု ပြောသည်။ 

၎င်းတို့က ကန်ချနဘူရီပြည်နယ်အတွင်းသို့ တောလမ်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

Source: Bangkok Post