မေရိကန်နိုင်ငံ Tufts University က သံအမတ်ကြီး ဦးကျော်မိုးထွန်းအား အထူးဖိတ်ကြားကာ မြန်မာ့အရေးဆွေးနွေးဖလှယ်

မေရိကန်နိုင်ငံ Tufts University က သံအမတ်ကြီး ဦးကျော်မိုးထွန်းအား အထူးဖိတ်ကြားကာ မြန်မာ့အရေးဆွေးနွေးဖလှယ်

 ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်ရှိ Tufts University ၏ The Fletcher School of and Diplomancy မှ အထူးဖိတ်ကြားကာ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးဖလှယ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ အကျပ်အတည်းများနှင့်ပတ်သက်ပြီး International Responsibility in Responding to Myanmar's Crisis Panel တွေ့ဆုံဆွေးနွေးဖလှယ်ပွဲကို ၂၀၂၃ခုနှစ်  မတ်လ (၃၁)ရက်နေ့က Tufts University ရှိ ASEAN Auditorium ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ 

အဆိုပါ တွေ့ဆုံဆွေးနွေးဖလှယ်ပွဲတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိ မစ္စတာဒေးဗစ်မြူဟော့ခ်တို့က လက်ရှိဖြစ်ပေါ်နေသော မြန်မာ့အရေးတုံ့ပြန်မှု့နှင့် ပတ်သက်ပြီး နိုင်ငံတကာ​၏ တာဝန်ရှိမှု ကိစ္စရပ်များကို ဦးဆောင်ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်သည်တော်များကို သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် အမေရိကန်နိုင်ငံအတွင်း Tufts University နှင့်  Harvard Universityတို့မှ ကျောင်းသားကျောင်းသူများအပါအဝင် တက္ကသိုလ်အသီးသီးမှ မြန်မာ့အရေးစိတ်ဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

 

Photo - Kyaw Soe Latt