ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်း စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ် မိုင်းခွဲခံရ

ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်း စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ် မိုင်းခွဲခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်း စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်သားများကို ၂၀၂၃ခုနှစ်၊ ‌ဇွန် လ (၁၀)ရက်နေ့၊ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်



ကျောက်မြောင်းမြို့ ခမရ (၁၂)မှ အင်အား(၆၀)ဦးပါ စစ်ကောင်စီ တပ်သားများသည် ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ Who am i-Army၊ Black Wolf-Army နှင့် ရွှေဘိုမြို့နယ် တိုက်နယ်(၄) ပကဖ ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးပြီး၊ (၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ ကျောက်‌မြောင်းမြို့ ခမရ(၁၂)သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု Who am i-Armyတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။



#TachileikNewsAgency

Photo : Who Am I