သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ပြည်သူ့ကာကွယ်ရေးတပ်များရရှိ

သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ပြည်သူ့ကာကွယ်ရေးတပ်များရရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။

သပိတ်ကြီးနှင့် ချောင်းကြီးကြားသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့်  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း (၅၀၉)၊ (၅၁၀)၊ သပိတ်ကျင်း (ပကဖ)တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များဘက်က ထိခိုက်သေဆုံးမှုကို စိစစ်နေဆဲဖြစ်ပြီး နယ်မြေလုံခြုံရေးကိစ္စများ ဆောင်ရွက်ပြီးစီးပါက ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency