ထိုင်းနိုင်ငံတွင် အွန်လိုင်းမှ တဆင့် ရောင်းချမည့် ဘတ်ငွေ(၁၀)သန်းဝန်းကျင် တန်ဖိုးရှိ အမှတ်တံဆိပ်အတု ကားအပိုပစ္စည်းများကို ဖမ်းဆီး သိမ်းဆည်းရမိ

ထိုင်းနိုင်ငံတွင် အွန်လိုင်းမှ တဆင့် ရောင်းချမည့် ဘတ်ငွေ(၁၀)သန်းဝန်းကျင် တန်ဖိုးရှိ အမှတ်တံဆိပ်အတု ကားအပိုပစ္စည်းများကို ဖမ်းဆီး သိမ်းဆည်းရမိ
By Mr John

 ထိုင်းနိုင်ငံ နခွန်းပထုံ ပြည်နယ် နခွန်းချစီ ခရိုင်ရှိ ဂိုဒေါင်တစ်ခုတွင် ဘတ် (၁၀) သန်းခန့် တန်ဖိုးရှိ ကားအပိုပစ္စည်း အမှတ်တံဆိပ်အတုများ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

 ဂိုဒေါင် အစောင့်ဖြစ်သူ အသက် (၂၄) နှစ်အရွယ် Sunthorn ၏ ထွက်ဆိုချက်အရ အဆိုပါ ဂိုဒေါင်အဆောက်အအုံကို တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လုပ်ငန်းလုပ်ကိုင်ရန် အသုံးပြုနေခြင်းဖြစ်ကြောင်းနှင့် ၎င်းအား တရုတ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက အပိုပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရန် ငှားရမ်းထားခဲ့သည်ဟု ဆိုသည်။   

ကားနှင့်ဆိုင်ကယ် အပိုပစ္စည်းအတုများကို အပိုပစ္စည်းအရောင်းဆိုင်များနှင့် ပြုပြင်ရေးအလုပ်ရုံများသို့ ပို့ဆောင်ရန်နှင့် အွန်လိုင်းမှတစ်ဆင့် ဈေးကွက်အတွင်း ပေါက်ဈေးထက်လျှော့ပြီး ရောင်းချကာရန်ဖြစ်ကြောင်း သိရသည်။ 

ဂိုဒေါင်အတွင်းမှ ကားနှင့်ဆိုင်ကယ် အပိုပစ္စည်း (၂၀၀,၀၀၀) ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး Honda ၊ Yamaha နှင့် NSK ကဲ့သို့ အမည်များဖြင့် အမှတ်တံဆိပ်အတုများ အသုံးပြုထားကြောင်း တွေ့ရှိရသည်။

လတ်တလောတွင် ဂိုဒေါင်စောင့်ကို ဥပဒေအရ အရေးယူနိုင်ရန် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

 အဆိုပါ ဂိုဒေါင်အတွင်း စီးပွားရေးရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ နှင့်  ပူးပေါင်းအဖွဲ့တစ်ဖွဲ့က  ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် ဝင်ရောက်ရှာဖွေခဲ့ကြသည်။ 



Source: Bangkok Post