ရုရှားလေယာဉ်များကို အမေရိကန်လေပိုင်နက်တွင် ပျံသန်းခွင့် ပိတ်ပင်

ရုရှားလေယာဉ်များကို အမေရိကန်လေပိုင်နက်တွင် ပျံသန်းခွင့် ပိတ်ပင်

ယူကရိန်းကို ဝင်ရောက်ကျူးကျော်နေသည့် ရုရှားကို ကနေဒါနှင့် ဥရောပတို့က မိမိတို့လေကြောင်းပိုင်နက်အတွင်း လေယာဉ်ပျံသန်းခွင့် ပိတ်ပင်လိုက်သည့်နည်းတူ အမေရိကန်ကလည်း ယနေ့ ၂၀၂၂ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ပိတ်လိုက်ပြီဖြစ်သည်။

အဆိုပါ ကြေညာချက်သည် ခရီးသည်တင်၊ ကုန်ပစ္စည်းတင် ရုရှားလေကြောင်းလိုင်းအားလုံးအပြင် ရုရှားမှ လေယာဉ်ပျံသန်းမှုအားလုံး အကျုံးဝင်မည်ဖြစ်ပြီး မတ်လ (၃) ရက်နေ့၌ စတင် သက်ဝင်မည်ဖြစ်သည်။

အလားတူ အမေရိကန်ပြည်ထောင်စုလေကြောင်းလိုင်းက ရုရှားလေပိုင်နက်မှ ပျံသန်းမှုကို ယာယီဆိုင်းငံ့ထားခြင်းဖြစ်သည်။

 

Soruce: reuters