မြောင်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်အုပ်စုက အထိနာသဖြင့် ကျေးရွာကို မီးရှို့ ထွက်ပြေး

မြောင်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်အုပ်စုက အထိနာသဖြင့် ကျေးရွာကို မီးရှို့ ထွက်ပြေး
ဖေဖော်ဝါရီ 16, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း မရိုးကုန်းကျေးရွာသို့ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက ကျေးရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း Zamani revolution force MMU Myaung က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းစစ်အုပ်စုသည် ‌၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့က စစ်ကြောင်းထိုးလာရာ စစ်ကိုင်းခရိုင်တပ်ရင်း(၁) တပ်ခွဲ(၂)၊Zamani revolution force MMU Myaung ၊မဟာမိတ်တပ်ဖွဲ့ ဒေါင်းညီနောင် နှင့် Nway Oo Takhon PDF တို့ မှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အထိနာသွားသည့် စစ်အုပ်စုက ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ (၂၃)လုံး မီးလောင်ဆုံးရှုံးခဲ့ရ‌ကြောင်း သိရသည်။

‌ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် စစ်ကိုင်းခရိုင်တပ်ရင်း(၁) တပ်ခွဲ(၂)၊ Zamani Revolution Force MMU Myaung၊ မဟာ မိတ်ညီနောင်များဖြစ်သော မာန်ဆွယ်ကျား အောင်ဆန်းသွေး၊ မြင်းခြံခရိုင်တပ်ရင်း(၃) အခြား မဟာမိတ်ညီနောင်(၃)ဖွဲ့တို့မှ  မြေရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသည့် မြောင်မြို့ စက်မှုလယ်ယာရုံးရှေ့သို့ စစ်အုပ်စုတပ်သားများ ရောက်ရှိလာအချိန်၌ အဝေးထိန်းမိုင်းဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်သားများ ထိခိုက်သေဆုံးသူ ရှိခဲ့ကြောင်း သိရသည်။

 

Photo: Zamani Revolution Force/ MMU Myaung