ရှမ်းပြည်နယ်အတွင်း ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲတွင် တာချီလိတ်အသင်း၏ ပထမပြိုင်ပွဲ၌ ကျောက်မဲကို (၆)ဂိုးအသာဖြင့် အနိုင်ရ

ဖေဖော်ဝါရီ 23, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲတွင် တာချီလိတ်အသင်း၏ ပထမပြိုင်ပွဲ၌ ကျောက်မဲကို (၆)ဂိုးအသာဖြင့် အနိုင်ရ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ၂၀၂၀ ပြည့်နှစ် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် တာချီလိတ်ဖူဆယ်အသင်း၏ အဖွင့်ပွဲဖြစ်သည့် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့ ပွဲစဉ်၌ ကျောက်မဲအသင်းကို (၈) ဂိုး၊ (၂)ဂိုးဖြင့် အနိုင်ရကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ (၂၇)ရက်နေ့အထိ တောင်ကြီးမြို့တွင် ကျင်းပနေသည့် ၂၀၂၀ ပြည့်နှစ် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင် လားရှိုး၊ လွိုင်လင်နှင့် ကျိုင်းတုံ၊ အုပ်စု(ခ)တွင် တောင်ကြီး၊ ကျောက်မဲနှင့် တာချီလိတ်၊ အုပ်စု(ဂ)တွင် မိုင်းဆတ်၊ လင်းခေးနှင့် မူဆယ်၊ အုပ်စု(ဃ)တွင် ဟိုပန်၊ လောက်ကိုင်နှင့် မိုးမိတ်အသင်းတို့ ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကွာတားပွဲစဉ်များကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့၌ ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးဗိုလ်လုပွဲကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ညနေ(၃) နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~