ကျိုင်းတုံ - မိုင်းဆတ် သွားလမ်းပေါ်တွင် ကားတစ်စီး ပေ(၁၀၀၀)ဝန်းကျင်ရှိ ချောက်ထဲကျပြီး (၅)ဦး သေဆုံး

ကျိုင်းတုံ - မိုင်းဆတ် သွားလမ်းပေါ်တွင် ကားတစ်စီး ပေ(၁၀၀၀)ဝန်းကျင်ရှိ ချောက်ထဲကျပြီး (၅)ဦး သေဆုံး
ဖေဖော်ဝါရီ 10, 2023 | မှုခင်းသတင်း| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံ - မိုင်းခွ န်- မိုင်းဆတ်ကားလမ်းတွင် ကားတစ်စီးသည် ပေ(၁၀၀၀)ဝန်းကျင်ရှိ ချောက်ထဲသို့ ထိုးကျသွားရာမှာ လူ(၅)ဦး သေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့၏ နံနက်(၁၀)နာရီဝန်းကျင်အချိန်က ကျိုင်းတုံမြို့နယ်အတွင်း  မိုင်တိုင်အမှတ်(၁၄/၂)နှင့်(၁၄/၃) အကြား၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လီကျေးရွာအနီးတွင် Vigo အမျိုးအစား အဖြူရောင်ကား တစ်စီးသည် ဘရိတ်ပေါက်ပြီး ပေ(၁၀၀၀)ဝန်းကျင်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်သွားခြင်း ဖြင်း ဖြစ်ကြောင်း သိရသည်။ 

ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသည့် (၁၂)ဦးအနက် အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၅)ဦး သေဆုံးပြီး အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၇)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ချောက်ထဲမှ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို ကျိုင်းတုံခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးများ လုပ်ဆောင်ပေးခဲ့ကြပြီး  သေဆုံးသူများ နှင့် ဒဏ်ရာရရှိသူများကို ကျိုင်းတုံမြို့ တိုင်းနေနာရေးကူညီမှုအသင်း နှင့် လားဟူတိုင်းရင်းသားလူမှုကူညီရေးအသင်း အပါအဝင် လူမှုကူညီရေးအသင်း 

Photo: တိုင်းနေနာရေးကူညီမှုအသင်း