တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာ (၁၂)ဦး ဆေးရုံဆင်း

တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာ (၁၂)ဦး ဆေးရုံဆင်း
ဒီဇင်ဘာ 10, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာ (၁၂)ဦး ဆေးရုံဆင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ Covid-19 အတည်ပြုလူနာများထဲက (၃၄)ဦးမြောက်အဖြစ် (၁၂)ဦးမှာ ဒီဇင်ဘာလ (၁၀)ရက်နေ့ နေ့လည်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ရသွားပြီး နေအိမ်တွင် ဆက်လက်၍ (၇)ရက် သီးသန့် အသွားအလာ နေထိုင်ရမည်ဖြစ်သည်။
ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူများတွင် အမျိုးသား(၄)ဦး နှင့် အမျိုးသမီး (၈)ဦးတို့ ပါဝင်ရာ ဆန်ဆိုင်း (က)ရပ်ကွက်မှ (၁)ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ (၂)ဦး၊ တာလော့ရပ်ကွက်မှ (၁)ဦး၊ ဝမ်ကောင်းရပ်ကွက်မှ (၁)ဦး၊ ဝိန်းကျောက်ရပ်ကွက်မှ (၄)ဦး၊ ဖန်မင်ကျေးရွာအုပ်စုမှ (၂)ဦး နှင့် မိုင်းကိုးကျေးရွာအုပ်စုမှ (၁)ဦး စုစုပေါင်း (၁၂)ဦး ပါဝင်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၉၃)ဦးအထိ ရှိနေရာတွင် ယနေ့ ဆေးရုံမှ ဆင်းသွားကြသူများ အပါအဝင် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၃၄)ဦးအထိ ရှိသွားပြီဖြစ်သည့်အတွက် လက်ရှိတွင် (၅၉)ဦးအထိ ဆေးရုံဆင်းခွင့်စောင့်ဆိုင်းနေသူ ကျန်ရှိနေသည်။ 
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~