အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၁၅၁ဦးကို စစ်ကောင်စီထံပြန်ပို့

အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၁၅၁ဦးကို စစ်ကောင်စီထံပြန်ပို့
ဇန်နဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် ပလက်ဝဒေသရှိ စစ်ကောင်စီတပ်စခန်းအား ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ရာ အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် အိန္ဒိယအစိုးရက စစ်ကောင်စီထံ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့က စစ်ကောင်စီတပ်၏ ပွိုင့်(၃၇၇)စခန်းကုန်းကို ရက္ခိုင့်တပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၅၁)ဦး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်းခရိုင်သို့ ထွက်ပြေးသွားရာက ယမန်နေ့တွင် စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းလိုက်ခြင်းဖြစ်ကြောင်း အိန္ဒိယသတင်းမီဒီယာများက ဖော်ပြထားသည်။ 

၂၀၂၃ခုနှစ် နိုဝင်ဘာလကလည်း ရိဒ်ခေါဒါရ်မြို့ကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား (၁၀၄)ဦး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသဖြင့် အိန္ဒိယအစိုးရက စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။

#TachileikNewsAgency

Source : 151 fleeing Myanmar soldiers flown home after refugee stay in Mizoram