မြင်းမူမြို့နယ်အတွင်း ခုခံတော်လှန်ရေး အရှိန်မြှင့်မည်ဖြစ်၍ ပြည်သူများ ဘေးကင်းရေး နံနက်(၅)နာရီ အစောပိုင်းနှင့် ည(၉)နာရီ နောက်ပိုင်း သွားလာခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံ

Photo: Myinmu Lightning Guerrilla Force-မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့

ဇန်နဝါရီ 27, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တစ်ဝိုက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတော်လှန်ရေးများ အရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများ ဘေးကင်းရေးအတွက် ယနေ့ဇန်နဝါရီလ(၂၇)ရက်မှ စပြီး နံနက်(၅)နာရီအစောပိုင်းနှင့် မှ ည(၉)နာရီနောက်ပိုင်းများတွင် သွားလာခြင်း မပြုလုပ်ရန် မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။

မြေပြင်အခြေအနေအရ ပြည်သူလူထုအား မေတ္တာရပ်ခံထားသော ထုတ်ပြန်ချက်များကို ပြည်သူလူထုများဖက်မှလည်း လိုက်နာပေးကြပါရန်နှင့် စစ်ကောင်စီအကြမ်းဖက်သမားများ အမြစ်ပြုတ်ရေးကို ရှေးရှုပြီး အသိပေးလိုက်သည်ဟု ထုတ်ပြန်သည်။

ဖြတ်သန်းသွားလာခွင့်ပြုမည့် အခြေအနေများကို ထပ်မံထုတ်ပြန်အသိပေးမည်ဖြစ်ပြီး နောက်ထပ် ထုတ်ပြန်ချက် မထွက်မလာမချင်း အသွားအလာ သတိထားရန်လည်း သတိပေးထားရှိသည်။

ဇန်နဝါရီလ(၂၆)ရက်၊ ညပိုင်းကလည်း စစ်ကိုင်းမှ မုံရွာသို ပြည်သူ့ကားများ အသုံးပြု၍ ဆင်းလာသော အကြမ်းဖက်စစ်‌ကောင်စီကား နှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း၍ ထီးဆောင်းကျေးရွာနှင့် ကန်ဖျားဇရပ်ကြား မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

မိုင်းဆွဲတိုက်ခိုက်ခြင်း‌ကြောင့် အကြမ်းဖက်စစ်ကောင်စီကားနှစ်စီးထိမှန်ခဲ့ပြီး တစ်စီးမှာ လုံးဝပျက်စီးသွားခဲ့ကာ စစ်ကောင်စီတပ်သား (၃)ဦးထက်မနည်း သေကြောင်း သိရသည်။