သိန္နီမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုနှင့် TNLA တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က လေကြောင်းအားကိုးဖြင့် ဗုံးသီး(၃၀)ကျော် ပစ်ချ

Photo: TNLA
Photo: TNLA
သိန္နီမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုနှင့် TNLA တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က လေကြောင်းအားကိုးဖြင့် ဗုံးသီး(၃၀)ကျော် ပစ်ချ
ဖေဖော်ဝါရီ 4, 2023 | ရှမ်းမြောက်

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ ဂျာယန်ကျေးရွာအနီးတွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့၏  နံနက်ပိုင်းက အာဏာသိမ်းစစ်အုပ်စုတပ် နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်အုပ်စု၏ လက်အောက်ခံပြည်သူ့စစ်အဖွဲ့က ပြည်သူ့စစ်အဖြစ် အတင်းခေါ်ယူထားသည့် တအာင်းလူငယ်များကို TNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်း (၅၉၅)မှ သွားရောက်ခေါ်ယူချိန် တိုက်ပွဲဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စု၏ လေတပ်က လေကြောင်းဖြင့် တိုက်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စုတပ်က လေကြောင်းဖြင့် ဗုံးသီး (၃၀)ကျော် အသုံးပြုတိုက်ခိုက်ခဲ့ပြီး ယင်းသို့ လေကြောင်းလာရောက်တိုက်ခိုက်ပြီးနောက် လားရှိုးအဝင် မိုင်းရန်းတွင် အာဏာသိမ်းစစ်အုပ်စုဘက်က ဂိတ်ပိတ်ထားခဲ့ကြောင်း သိရသည်။

နေ့လည်ပိုင်းတွင် ဂျာယန်ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။