တာချီလိတ်မြို့မှ စောင့်ကြည့်လူနာ တရုတ်နိုင်ငံသား ဓါတ်ခွဲအဖြေတွင် ကိုရိုနာဗိုင်းရပ်စ် မတွေ့

တာချီလိတ်မြို့မှ စောင့်ကြည့်လူနာ တရုတ်နိုင်ငံသား ဓါတ်ခွဲအဖြေတွင် ကိုရိုနာဗိုင်းရပ်စ် မတွေ့
မတ် 17, 2020
By Tachileik News Agency

တာချီလိတ်မြို့မှ စောင့်ကြည့်လူနာ တရုတ်နိုင်ငံသား  ဓါတ်ခွဲအဖြေတွင် ကိုရိုနာဗိုင်းရပ်စ် မတွေ့

နယ်စပ်ဒေသ တာချီလိတ်တွင် တရုတ်နိုင်ငံ ကူမင်းမှလာသည့် တရုတ်နိုင်ငံသားအား ဓါတ်ခွဲစစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ်စ် မတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့ ည (၈)နာရီတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ကူမင်း - မန္တလေး - တာချီလိတ်ခရီးထွက်လာသည့် တရုတ်နိုင်ငံသား (၂)ဦးအနက် (၁)ဦးမှာ မတ်လ (၁၆)ရက်နေ့က ကိုယ်အပူချိန်မြင့်နေသဖြင့် ၎င်းနှင့်အတူပါလာသည့် တရုတ်နိုင်ငံသားအပါအဝင် (၂)ဦးလုံးကို ခရိုင်ပြည်သူ့ဆေးရုံကြီး သီးသန့်ကုသခန်းတွင် ထားရှိပြီး ဓါတ်ခွဲနမူနာပို့စစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသားမှာ တာချီလိတ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေစဉ် ကိုယ်အပူချိန်မြင့်သဖြင့် ဆေးရုံတွင် သီးသန့်စောင့်ကြည့်ကုသမှုခံယူရန် ခေါ်ယူသည်ကို ငြင်းဆန်သဖြင့် သက်ဆိုင်ရာဌာနများက တရုတ်သံရုံးအကူအညီဖြင့် ဆေးရုံသို့ခေါ်ဆောင်ထားရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မတ်လ (၁၇)ရက်နေ့ ညနေ (၆)နာရီအထိ စာရင်းအရ စောင့်ကြည့်လူနာ (၁၁)ဦးရှိနေကြောင်း သိရသည်။

Tachileik News Agency

ဆက်စပ်သတင်း

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်ထားသည့် တရုတ်နိုင်ငံသားတစ်ဦး ဆေးရုံလိုက်ရန် ငြင်းဆန်နေ၍ သံရုံးအကူအညီတောင်းခံထားရ

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်သည့် တရုတ်နိုင်ငံသားများကို ဆေးရုံသို့လိုက်ရန် (၃) နာရီကြာ ဖျောင်းဖြခေါ်ဆောင်ထားရ

တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကိုရိုနာစောင့်ကြည့်လူနာ (၂)ဦး ရောက်ရှိ

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာနှင့် အနီးကပ်ရှိခဲ့သူများကို ဓါတ်ခွဲခန်းအဖြေထွက်သည်အထိ စောင့်ကြည့်စစ်ဆေးထားမည်

တာချီလိတ်မှ ကိုရိုနာဗိုင်းရပ်စ် စောင့်လူကြည့်လူနာ တရုတ်နိုင်ငံသား၏ မတ်လ(၁၇)ရက်နေ့အထိ အခြေအနေ ကောင်းမွန်နေ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~