မြန်မာ - တရုတ် နယ်စပ်ဂိတ်များ ဇန်နဝါရီလ(၈)ရက်နေ့ကစပြီး ဂိတ်အလိုက် အဝင်အထွက် သတ်မှတ်ချက်များဖြင့် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း တရုတ်ဘက်က ကြေညာ

မြန်မာ - တရုတ် နယ်စပ်ဂိတ်များ ဇန်နဝါရီလ(၈)ရက်နေ့ကစပြီး ဂိတ်အလိုက် အဝင်အထွက် သတ်မှတ်ချက်များဖြင့် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း တရုတ်ဘက်က ကြေညာ

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ - တရုတ်  နယ်စပ်ဂိတ်လမ်းကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ် အပါအဝင် လမ်းကြောင်း(၃)ခု ၂၀၂၃ခုနှစ် ဇန်ဝါရီလ(၈)ရက်နေ့က စပြီး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်ဝါရီလ(၅)ရက်နေ့ နံနက်ပိုင်းက  သတင်းထုတ်ပြန်ထားသည်။

မြန်မာ - တရုတ် စီးပွားရေးနှင့်ကုန်သွယ်ရေးအတွက်  မြန်မာ - တရုတ် နယ်စပ်ဂိတ်လမ်းကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ် ဂျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း နှင့် မြန်မာ - တရုတ်ဈေး စသည့် လမ်းကြောင်း(၃)ကနေ လူနှင့်ကူပစ္စည်းများ ဖြတ်သန်းသွားလာခြင်းအဖြစ် ခွင့်ပြုရန်အတွက် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇန်ဝါရီလ(၈)ရက်နေ့  ကစပြီး နေ့စဉ် နံနက်(၈)နာရီမှ ည(၁၁)နာရီအချိန်အတွင်း ဂိတ်အဝင်အထွက်များအနေဖြင့် ကုန်ပစ္စည်းယာဉ်များနှင့် ယာဉ်မောင်းများသည် ကုန်ပစ္စည်းစခန်းလမ်းကြောင်းကနေ ဝင်ထွက်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

အစိုးရဝန်ထမ်းများနှင့်အတူ လိုက်ပါသည့် ယာဉ်များအနေဖြင့် နံနက်(၈)နာရီကနေ ည(၉)နာရီခွဲအတွင်း နန်းတော်ဂိတ်လမ်းကြောင်းကနေ ဝင်ထွက်ရမည်ဖြစ်သည်။

အခြားလူပုဂ္ဂိုလ်နှင့် အသေးစား အိမ်စီးကားအပါအဝင် နှစ်ဘီးဆိုင်ကယ် နှင့် လျှပ်စစ်ဆိုင်ကယ်များအနေဖြင့် မြန်မာ - တရုတ်ဈေး လမ်းကြောင်းကနေ နေ့စဉ် နံနက်(၈)နာရီကနေ ည(၉)နာရီခွဲအတွင်း ဝင်ထွက် သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လမ်းကြောင်း(၃)ခုကနေ ဝင်ထွက်သွားလာမှုကို မြန်မာဘက်က သတ်မှတ်ပေးခြင်းမဟုတ်ဘဲ တရုတ်ဘက်က သတ်မှတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mrs. Wu Xiတို့ တွေ့ဆုံစဉ်

 မြန်မာ - တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့ နံနက်(၉)နာရီ (၄၉)မိနစ်အချိန်တွင် အသိပေးကြေညာလာပြီးနောက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mrs. Wu Xi ထံ ဇန်နဝါရီလ(၅)ရက်နေ့၏ နေ့လည်(၂)နာရီခွဲတွင် သွားရောက်ပြီး  နယ်စပ်ဂိတ်များ ဖွင့်လှစ်ရေးအတွက် တွေ့ဆုံခဲ့ကြောင်း သိရသည်။