မတ္တရာမြို့နယ်တွင် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို TNLA ပူးပေါင်း PDF တပ်များတိုက်၊ စစ်ကောင်စီတပ်သားနှစ်ဦး အရှင်ဖမ်းမိ

မတ္တရာမြို့နယ်တွင် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို TNLA ပူးပေါင်း PDF တပ်များတိုက်၊ စစ်ကောင်စီတပ်သားနှစ်ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား TNLA ပူးပေါင်း PDF တပ်များက တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း(၂)ဦးကို ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF ထံမှ သိရသည်။

ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ MA-1 (၄)လက်၊ Jammer (၁)လုံး၊ ကွန်ပျူတာ (၁)လုံးအပါအဝင် ဆက်စပ်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း (၃)လောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်း(၂)ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှလည်း ရဲဘော်တစ်ဦး  ကျဆုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency