ဩစတြေးလျရွေးကောက်ပွဲ လာမည့် မေ ၂၁ တွင် ကျင်းပမည်

ဩစတြေးလျရွေးကောက်ပွဲ လာမည့် မေ ၂၁ တွင် ကျင်းပမည်
By Mr John

ဩစတြေးလျနိုင်ငံ၏ ပြည်ထောင်စုရွေးကောက်ပွဲကို လာမည့် ၂၀၂၂ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ကြေညာလိုက်သည်။

ဝန်ကြီးချုပ်မော်ရစ်ဆင်၏ အာဏာရပါတီက ဩစတြေးလျလွှတ်တော်တွင် အမတ်နေရာ (၇၆) နေရာရှိထားပြီး ထိုအရေအတွက်က အစိုးရဖွဲ့နိုင်သည့် အနည်းဆုံး အရေအတွက်လည်း ဖြစ်သည်။

စစ်တမ်းများကမူ ရွေးကောက်ပွဲပြီးလျှင် ဩစတြေးလျတွင် အစိုးရအပြောင်းအလဲတစ်ရပ် ဖြစ်လာမည်ဟု ဆိုထားသည်။

လက်ရှိ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ Anthony Albanese ဦးဆောင်သည့် အတိုက်အခံ လေဘာပါတီက အာဏာရလာနိုင်ကြောင်း တစ်ပြေးနေသည်ကို တွေ့ရသည်။

သို့သော်လည်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် စစ်တမ်းအများစုက ခန့်မှန်းထားချက်နှင့် ကွဲလွဲကာ ဗဟိုလက်ယာဝါဒီ မော်ရစ်ဆင်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် မော်ရစ်ဆင်နှင့် ဒုတိယဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီတို့ အဓိက ယှဥ်ပြိုင်ကြရမည်ဖြစ်သည်။

ဝန်ကြီးချုပ်မော်ရစ်ဆင်က ဩစတြေးလျမြို့တော် ကန်ဘာရာမြို့တွင် ဘုရင်ခံချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရွေးကောက်ပွဲရက်ကို ကြေညာလိုက်ခြင်းဖြစ်သည်။

ဒါက ခိုင်မာတဲ့အနာဂတ်နဲ့ မသေချာမှုတစ်ခုကြား ရွေးချယ်မှုပါ။ ခင်ဗျားတို့သိတဲ့ အစိုးရတစ်ရပ်နဲ့ ခင်ဗျားတို့မသိတဲ့ အတိုက်အခံ လေဘာပါတီကြား ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်

 ဟု ဝန်ကြီးချုပ်မောရစ်ဆင်က ဧပြီ (၁၀) ရက်တွင် ပြောသည်။

သို့သော် ဒုတိယဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီကလည်း ဝန်ကြီးချုပ်မော်ရစ်ဆင်ကို "ကြောင်သူတော် လူလိမ်တစ်ယောက်" ဟု သုံးနှုန်းစွပ်စွဲခေါ်ဝေါ်ခဲ့ပြီး မိမိတို့က ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ကြောင်း ပြောဆိုခဲ့သည်။

ကပ်ရောဂါက ကျွန်တော်တို့ကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပုံဖော်ဖို့ အခွင့်ရေးပေးခဲ့ပါတယ်။ လေဘာပါတီက အဲဒီ အနာဂတ်ကို တည်ဆောက်ဖို့ မူဝါဒနဲ့ အစီအစဥ်တွေ ရှိပါတယ်

 လို့ အန်တိုနီ အယ်လ်ဘာနက်ဆီက ဧပြီ (၁၀) ရက်တွင် ပြောသည်။

ဩစတြေးလျတွင် မော်ရစ်ဆင်သည် ဂျွန်ဟောင်းဝပ် နောက်ပိုင်း ဝန်ကြီးချုပ်ရာထူးကို သက်တမ်းပြည့် တာဝန်ယူခဲ့သည့် ပထမဆုံး ခေါင်းဆောင်ဖြစ်သည်။

ရွေးကောက်ပွဲ လေးကြိမ်အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်ရာထူးကို လေးကြိမ်ဆက်တိုက် သက်တမ်းပြည့် တာဝန်ယူခဲ့သည့် ဂျွန်ဟောင်းဝပ်မှာ ၂၀၀၇ ခုနှစ်တွင် လေဘာပါတီမှ ကီဗင်ရုဒ်ကို ရှုံးနိမ့်ခဲ့သည်။

Source: BBC

TOLGA AKMEN/AFP via Getty Images