ဖာပွန်နှင့်  ကမမောင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ဝန်ထမ်းများ ၁၀ ရက်အတွင်းထွက်သွားရန် KNU သတိပေး

ဖာပွန်နှင့်  ကမမောင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ဝန်ထမ်းများ ၁၀ ရက်အတွင်းထွက်သွားရန် KNU သတိပေး
By Tachileik News Agency

KNU တပ်မဟာ ၅ နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားတည်ရှိမှုကို လုံးဝလက်မခံသဖြင့်

ကရင်ပြည်နယ်၊ ဖာပွန်နှင့် ကမမောင်းမြို့တို့ရှိ အာဏာသိမ်းစစ်ကောင်စီ၏  မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ရာထူးမှစွန့်ခွာပြီး ဒေသမှထွက်ခွာကြရန် KNU တပ်မဟာ ၅ က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် သတိပေးထားသည်။

အဆိုပါဒေသအတွင်းရှိနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ဝန်ထမ်းများအနေဖြင့် ဇန်နဝါရီလ (၁၀)ရက်နေ့နောက်ဆုံးထား၍ ထွက်ခွာကြရန် KNU တပ်မဟာ ၅ က သတိပေးထားခြင်းဖြစ်ပြီး ဒေသခံဝန်ထမ်းများအနေဖြင့်လည်း အလုပ်တာဝန်များမှ နှုတ်ထွက်ကာ စစ်ကောင်စီအဖွဲ့နှင့် ဆက်စပ်မှုမလုပ်ကြရန် သတိပေးထားခြင်းဖြစ်သည်။

ယင်းအပြင် အဆိုပါနယ်မြေတွင်းရှိ စစ်ကောင်စီတပ်စခန်းများရုပ်သိမ်းရန်ကိုလည်း ဖိအားပေးလုပ်ဆောင်နေကြောင်း သိရသည်။

လာမည့် ၂၀၂၃ ခုနှစ်တွင်  အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် KNU တပ်မဟာ ၅ နယ်မြေတွင်းမှ မည်သူမဆို ပူးပေါင်းပါဝင်ပတ်သက်ခြင်းမပြုကြရန်ကိုလည်း သတိပေးထားသည်ကို တွေ့ရသည်။