ထိုင်းနိုင်ငံ ကျေးရွာလမ်းဘေးတစ်နေရာတွင် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး၏အလောင်း တွေ့ရှိ

Photo: Nujaree Rakrun
Photo: Nujaree Rakrun
ထိုင်းနိုင်ငံ ကျေးရွာလမ်းဘေးတစ်နေရာတွင် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး၏အလောင်း တွေ့ရှိ
By Mr John

ထိုင်းနိုင်ငံ နခွန်စီသာမရတ်ဒေသအတွင်း ကျေးရွာလမ်းဘေးတွင်  ၂၀၂၂ ခုနှစ်  ဒီဇင်ဘာလ (၁၂) ရက် နံနက်ပိုင်းက တွေ့ရှိရသည့် မြန်မာနိုင်ငံသားတစ်ဦး၏အလောင်းကို စစ်ဆေးရာ ရောဂါကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ဆေးစစ်ချက်ရရှိထားသည်ဟု သိရသည်။



 သေဆုံးသူ အမျိုးသားမှာ မြန်မာနိုင်ငံသား အသက် (၅၆) နှစ်အရွယ် ဦးစိုးပိုင်ဆိုသူဖြစ်ပြီး အဆိုပါဒေသတွင် ရာဘာခြံလုပ်သားအဖြစ် လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က စုံစမ်းအတည်ပြုထားသည်။

 ဦးစိုးပိုင်သည် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် နေအိမ်မှပျောက်သွားခဲ့ပြီးနောက် ၎င်း၏အလောင်းကို ကျေးရွာ လမ်းဘေးတွင် ဒီဇင်ဘာလ (၁၂) ရက် နံနက်ပိုင်းက တွေ့ရခြင်းဖြစ်သည်ဟု ၎င်း၏မိတ်‌ဆွေများက ဆိုသည်။



ရဲတပ်ဖွဲ့က ခရိုင်ဆေးရုံမှ ဆရာဝန်တစ်ဦးနှင့် Tai Teck Tung Foundation မှ ကယ်ဆယ်ရေးဝန်ထမ်းများ လိုက်ပါလျက် အလောင်းတွေ့ရသည့် နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အလောင်းတွင် ပြင်ပဒဏ်ရာ သို့မဟုတ် အကြမ်းဖက်မှု အထောက်အထား မတွေ့ရဟု ဆိုသည်။ 



စစ်ဆေးသည့် ဆရာဝန်က မြန်မာရွှေ့ပြောင်းလုပ်သားမှာ နာတာရှည်ရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချထားသည်ဟု သိရသည်။



ရုပ်အလောင်းကို ဆွေမျိုး၊ မိတ်ဆွေများ လာရောက်သဂြိုလ်နိုင်ရန်အတွက် Tai Teck Tung Foundation တွင် ထားရှိကြောင်း သိရသည်။

Source: Bangkok Post