မလေးရှားသို့ အလုပ် သွားလုပ်မည့် မြန်မာ(၉၅)ဦး ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရ

မလေးရှားသို့ အလုပ် သွားလုပ်မည့် မြန်မာ(၉၅)ဦး ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရ
စက်တင်ဘာ 29, 2022 | အလုပ်သမားရေးရာ

 မလေးရှားနိုင်ငံတွင် အလုပ် လုပ်ရန် ပွဲစားအချိတ်အဆက်ဖြင့် ထိုင်းနယ်စပ်ဖြတ်သွားသည့် မြန်မာ (၉၅)ဦးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့တွင် ထိုင်းရဲနှင့်စစ်တပ်အဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနောက်ပိုင်းနယ်စပ်ကို ဖြတ်သန်းသည့် အဝေးပြေးလမ်းရှိ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နံနက် (၃)နာရီဝန်းကျင်က အအေးခန်းယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်တစ်စီး၏ ကုန်ပစ္စည်းတင်သည့်နေရာ၌ မြန်မာနိုင်ငံသား (၂၁) ဦးကို တင်ဆောင်လာသည်ကိုတွေ့ရပြီး နောက်တစ်စီးတွင် မြန်မာ (၁၈) ဦးအား တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား (၃၉)ဦးနှင့်  ယာဉ်မောင်းနှစ်ဦးအား ဖမ်းဆီးရမိသည့် တစ်ချိန်တည်းမှာပင် တောစပ်တစ်နေရာတွင် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ပို့ဆောင်ပေးမည့်သူများကို စောင့်နေသည့် မြန်မာ (၄၃)ဦးအဖွဲ့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများ၏ ပြောပြချက်အရ ၎င်းတို့သည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် ပွဲစားအား တစ်ဦးလျှင် ဘတ် (၆)သောင်းစီပေး၍ ဆန်ခလဘူရီဘက်မှ နယ်ဖြတ်ဖြတ်ကျော်လာကြခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနေ့က ဖမ်းမိသည့် မြန်မာ (၉၅)ဦးနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းနှစ်ဦးတို့ကို အရေးယူနိုင်ရန် လုပ်ဆောင်နေသည်ဟု သိရသည်။