တာချီလိတ် quarantine center မှ နေရပ်ပြန်မည့်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငွေကြေး ထောက်ပံ့မှု စတင်ပေးအပ်

တာချီလိတ် quarantine center မှ နေရပ်ပြန်မည့်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငွေကြေး ထောက်ပံ့မှု စတင်ပေးအပ်
စက်တင်ဘာ 10, 2020
By Tachileik News Agency
တာချီလိတ် Quarantine Center မှ နေရပ်ပြန်မည့်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ငွေကြေး ထောက်ပံ့မှု စတင်ပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် Quarantine ထားရှိသည့် ထိုင်းနိုင်ငံမှ သတ်မှတ်ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၇၆) ဦး နေရပ်ပြန်နိုင်ရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပထမဆုံးအကြိမ် ငွေကြေးထောက်ပံ့မှုကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့၌ စတင်ပေးအပ်သည်။
“ရှမ်းအရှေ့အတွက်က အနည်းဆုံး ကျပ်(၅၀,၀၀၀) လောက်ရပါတယ်။ ရှမ်းတောင်ဆို (၇၀,၀၀၀) လောက်ရပါတယ်။ ရှမ်းမြောက်ဆို (၁၀၀,၀၀၀) ကျော်ရပါတယ်။ ရန်ကုန်ဆို (၉၅,၀၀၀) ရပါတယ်။ တနင်္သာရီဆို (၁၁,၇၅၀၀) ရပါတယ်။ ကရင်ဆိုရင် (၁၀၃,၀၀၀) ရပါတယ်။ မြဝတီနဲ့ တာချီလိတ်မှာ နိုဝင်ဘာလအထိ ထောက်ပံ့ဖို့ ရှိပါတယ်။ နိုင်ငံတကာက အလှူရှင်တွေနဲ့ အခြားအလှူရှင်တွေအပေါ်မှာ မူတည်ပါတယ်”ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း တာချီလိတ်ခရိုင်တပ်ဖွဲ့မှူး ဦးဘမိုးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး သတ်မှတ်ပြစ်ဒဏ်စေ့သွားသည့်အတွက် တာချီလိတ်မြို့သို့ ပြန်လည်လွှဲပြောင်းလာသူ (၇၆) ဦးကို မိုးကုတ်ဝိပဿနာရိပ်သာတွင် Quarantine ထားရှိပြီး COVID-19 ရောဂါပိုး မရှိကြောင်း ဓာတ်ခွဲအဖြေရ၍ စက်တင်ဘာလ (၁၀)ရက်နေ့၌ နေရပ်ပြန်ပို့ခြင်းဖြစ်သည်။
တာချီလိတ်မြို့မိုးကုတ်ဝိပဿနာရိပ်သာရှိ တာချီလိတ်မြို့မှ (၁၀) ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၃၁) ဦး၊ ရှမ်းပြည်နယ်(မြောက်)ပိုင်းမှ (၃) ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၁) ဦး၊ ရခိုင်ပြည်နယ်မှ (၁) ဦး၊ ကရင်ပြည်နယ်မှ (၃) ဦး၊ မွန်ပြည်နယ်မှ (၁၁) ဦး၊ ကယားပြည်နယ်မှ (၁) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂) ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၄) ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၉) ဦး တို့ကို သက်ဆိုင်ရာနေရာဒေသအလိုက် ခရီးစရိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းကဲ့သို့ နေရပ်ပြန်မည့်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက တစ်ကိုယ်ရည်သုံးပစ္စည်းများ ပံ့ပိုးပေးခြင်း၊ စားသောက်စရိတ်နှင့် ခရီးစရိတ်ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
  Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~