တိုက်ပွဲမရှိသည့် မြောက်ဦး ကင်းဆိပ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်၍ သက်ကြီးရွယ်အိုတစ်ဦးနှင့် ကလေးတစ်ဦး သေဆုံး

တိုက်ပွဲမရှိသည့် မြောက်ဦး ကင်းဆိပ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်၍ သက်ကြီးရွယ်အိုတစ်ဦးနှင့် ကလေးတစ်ဦး သေဆုံး
By Tachileik News Agency



ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့  ကင်းဆိပ်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ (၂)ဦိး ပွဲချင်းပြီးသေဆုံးကာ (၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါကျေးရွာအတွင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် ခမရ ၃၇၇ နှင့် ၃၇၈ တို့က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူနှစ်ဦးမှာ အသက် (၆၀)အရွယ် ဒေါ်အေးယာဉ်နုနှင့် အသက် (၅)နှစ်အရွယ္ မောင်မြတ်သူလင်းတို့ဖြစ်ကြပြီး ကျန်ဒဏ်ရာရသူများမှာ မြောက်ဦးဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည့်နေရာမှာ  စစ်တွေ-ရန်ကုန်ကားလမ်း၊ လက္ကာကျေးရွာအနီးဖြစ်ပြီး ကျောက်တော်ဘက်မှလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  AA က မိုင်းခွဲတိုက်ခိုက်ရာကစတင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။