မန္တလေးတွင် မြို့တွင်းလုံခြုံရေး အထူးတင်းကြပ်ထားပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ရောက်မည်ဟု သတင်းထွက်နေ

မန္တလေးတွင် မြို့တွင်းလုံခြုံရေး အထူးတင်းကြပ်ထားပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ရောက်မည်ဟု သတင်းထွက်နေ
ဇန်နဝါရီ 22, 2022 | အခြားဒေသများ

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးသို့လာမည်ဟု သတင်းများထွက်နေပြီး ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် မန္တလေး၌ ရဟတ်ယာဉ်များ အနိမ့်မှအနီးကပ်ပျံဝဲနေပြီး လမ်းတလျှောက် အာဏာသိမ်းတပ်များ လမ်းဘေးကင်းအများအပြား ချထားသည်ကို တွေ့နေရသည်။ 

ယနေ့နံနက်ပိုင်းက မန္တလေးမြို့ပေါ်တွင် ရဟတ်ယာဉ်တစ်စီး ခပ်နိမ့်နိမ့်မှ ပျံဝဲနေခဲ့ပြီးနောက် အာဏာသိမ်းတပ် အခြေစိုက်ထားသည့် နန်းတွင်းထဲသို့ ရဟတ်ယာဉ် (၂) စီး ဆင်းသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

"စစ်သားတွေက တစ်ပြကို ၁၅ ယောက်လောက်ရှိတယ်။ မီးပွိုင့်တိုင်းမှာ စစ်ကားတစ်စီးစီ တွေ့တယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ထို့အပြင် မန္တလေးမြို့တွင်း လမ်းတလျှောက်တွင် လုံခြုံရေးများချထားသည်ကို တွေ့နေရကြောင်း သိရပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က ချမ်းမြသာစည်မြို့နယ်တွင် ဖွင့်လှစ်မည့် တရားလွှတ်တော်ရုံးသစ်ဖွင့်ပွဲသို့ တက်ရောက်မည်ဟု သတင်းများထွက်နေကြောင်း သိရသည်။

အဆိုပါ တရားရုံးကို ဇန်နဝါရီလ (၂၀) ရက်နေ့တွင် မန္တလေးမြို့ပြပျောက်ကြားအဖွဲ့များက ဖောက်ခွဲမှုပြုလုပ်ထားသည့်တရားရုံးဖြစ်သည်။