JCC-Strategy တင်ပြသည့် နိုင်ငံရေးလမ်းပြမြေပုံ၏ သတ္တမအဆင့် မဟာဗျူဟာမူကြမ်းကို အတည်ပြုရန် NUCC ဆွေးနွေး

JCC-Strategy တင်ပြသည့် နိုင်ငံရေးလမ်းပြမြေပုံ၏ သတ္တမအဆင့် မဟာဗျူဟာမူကြမ်းကို အတည်ပြုရန် NUCC ဆွေးနွေး
သြဂုတ် 25, 2022 | နိုင်ငံရေး
By Tachileik News Agency

နိုင်ငံရေးလမ်းပြမြေပုံ၏ သတ္တမအဆင့်ဖြစ်သည့် အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမဟာဗျူဟာ (မူကြမ်း)ကို အတည်ပြုနိုင်ရန် ဆွေးနွေးနေကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)က ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကိုအခြေခံ၍ မဟာဗျူဟာမူကြမ်းရေးဆွဲတင်ပြရန်နှင့် မဟာဗျူဟာ လေ့လာဆန်းစစ်မှုများနှင့် စောင့်ကြည့်သုံးသပ်မှုများအား စဉ်ဆက်မပြတ် ပြုလုပ်ရန်အတွက်  JCC-Strategy ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်တွင် စတင် ဖွဲစည်းလုပ်ဆောင်နေကြခြင်းဖြစ်ပြီး JCC - Strategy ကတင်ပြသည့် မူကြမ်းကို လက်ရှိဆွေးနွေးနေကြခြင်းဖြစ်သည်ဟု သိရသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် အင်အားစုများက အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC ကို ၂၀၂၁ ခုနှစ် မတ်လ (၈)ရက်နေ့တွင် စတင်စုဖွဲ့ခဲ့ကြခြင်းဖြစ်သည်။

NUCC က ယင်းနှစ် ဧပြီလ (၁၆)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။