တူရကီနိုင်ငံက ကင်းမြီးကောက်အဆိပ်ကို တန်ဖိုးကြီးကြီးဖြင့် ပြည်ပတင်ပို့နေ

တူရကီနိုင်ငံက ကင်းမြီးကောက်အဆိပ်ကို တန်ဖိုးကြီးကြီးဖြင့် ပြည်ပတင်ပို့နေ
သြဂုတ် 22, 2022 | နိုင်ငံတကာသတင်း
By Mr John

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဆန်လုဖာရ်ပြည်နယ်တွင် ကင်းမြီးကောက်များကို မွေးမြူပြီး နေ့စဉ်အဆိပ်ညှစ်ထုတ်ကာ ပြည်ပသို့ ဈေးကြီးကြီးဖြင့် တင်ပို့ရောင်းချနေကြောင်း သိရသည်။

ထောင်နှင့်ချီသော ကင်းမြီးကောက်များကို မွေးမြူရေးဓာတ်ခွဲခန်းတစ်ခုတွင် ပလတ်စတစ်ဘူးအကြည်များဖြင့် ထည့်သွင်းမွေးမြူထားပြီး  ဝန်ထမ်းများက ကင်းမြီးကောက်၏အမြီးချွန်မှအဆိပ်ကို ညှပ်၊ ဇာဂနာသုံး၍ နေ့စဥ် အဆိပ်ညှစ်ထုတ်ကာ ပြည်ပသို့တင်ပို့ရန် ပြင်ဆင်ကြခြင်းဖြစ်ကြောင်း သိရသည်။

 slviki

အဆိုပါကင်းမြီးကောက်အဆိပ်ကို  အေးခဲ၍အမှုန့်အဖြစ်ပြောင်းကာ တင်ပို့ခြင်းဖြစ်ပြီး ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

ကင်းမြီးကောက်တစ်ကောင်လျှင် အဆိပ်ပမာဏ (၂) မီလီဂရမ်ခန့်ထုတ်လုပ်နိုင်ပြီး နေ့စဥ် အဆိပ် (၂) ဂရမ် စုဆောင်းရရှိသည်ဟု ကင်းမြီးကောက်မွေးမြူရေးလုပ်ငန်းပိုင်ရှင်က Metin Orenler က ပြောသည်။

Orenler က ၂၀၂၀ ခုနှစ်တွင် ကင်းမြီးကောက်မွေးမြူးရေးစတင်ခဲ့ပြီး ယခုအခါ Androctonus Turkiyensis မျိုးစိတ် ကင်းမြီးကောက် အကောင်ရေ (၂,၀၀၀) ခန့်ကို မွေးမြူးထားကြောင်း သိရသည်။ 

"ကျွန်တော်တို့ ညှစ်ထုတ်ရရှိတဲ့ အဆိပ်တွေကို အေးခဲတယ်။ ပြီးရင် အဲဒါကို အမှုန့်အဖြစ်ပြောင်းလဲပြီး ဥရောပကို တင်ပို့ရောင်းချပါတယ်" ဟု ၎င်းက ရှင်းပြသည်။

ကင်းမြီးကောက်အဆိပ်များကို ပြင်သစ်၊ ဗြိတန်၊ ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြစ်ပြီး အလှကုန်၊ နာကျင်ကိုက်ခဲပျောက်ဆေးနှင့် ပဋိဇီဝဆေးများ ထုတ်လုပ်ရာတွင် အသုံးပြုကြခြင်းဖြစ်ကြောင်း သိရသည်။

ကင်းမြီးကောက်အဆိပ် (၁) လီတာလျှင် အမေရိကန်ဒေါ်လာ (၁၀) သန်း တန်ဖိုးရှိကြောင်း သိရသည်။ 

Source: Reuters