လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် မြန်မာလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံး

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် မြန်မာလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံး

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် မြန်မာလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၂၇)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားကြောင်း သိရသည်။

သေဆုံးသူသည် လေယာဉ်ကွင်းလမ်းအနီးရှိ အဆောင်(၁၀၀)အတွင်း၌ နေထိုင်သူ ကုမ္ပဏီလုပ်သား ဖြစ်ပြီး အသက်(၃၂)နှစ်ဝန်းကျင်ရှိ ကိုတင်မောင်ဝင်း ဆိုသူဖြစ်ကာ ၎င်းသည် မြန်မာနိုင်ငံ၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်ပစ်ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

လာအိုရဲများမှ စစ်ဆေးမှုများ ပြုလုပ်နေစဉ်

ယနေ့ နံနက်ပိုင်းတွင် အလုပ်သွားရန် ၎င်းအားဝင်ခေါ်ရာမှ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ကြိုးဆွဲချသေဆုံးသည်ကိုတော့ မသိနိုင်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လာအို ရဲတပ်ဖွဲ့တို့ ဆက်သွယ်အကြောင်းကြားရာ ၎င်းတို့မှ လာရောက်ပြီး စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် မိသားစုဝင်များ၏ ခွင့်ပြုချက်ဖြင့် ကျင်းမူမြင့် ပရဟိတအဖွဲ့က တောင်ခြေသုသာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

 ကျင်းမူမြင့် ပရဟိတအဖွဲ့သည် ရွှေတြိဂံအထူးစီးပွားရေးဇုန်ရောက် မြန်မာနိုင်ငံသားများဖြင့် ကူညီလုပ်ဆောင်ပေးနေသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။



လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် မြန်မာလုပ်သား အနည်းဆုံး (၁၀,၀၀၀)အထက်ရှိနေပြီး တောင်ခြေ နှင့် အပြင်တွင် နေထိုင်ကြသလို ရခိုင်ရွာဟု ခေါ်သည့် မြန်မာရွာတွင် အများဆုံး နေထိုင်ကြကြောင်း နှင့်   ယခု Covid-19 ကာလအတွင်း၌ Lockdown သတ်မှတ်ထားသည့် အတွက်ကြောင့်လည်း မြန်မာလုပ်သားများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း လည်း သိရသည်။