ရှမ်း - ကယားနယ်စပ်တွင် စစ်ကောင်စီတပ်သားများ ကြောက်လန့်တကြား စခန်း စွန့်ခွာထွက်ပြေး၍ ပူးပေါင်းအဖွဲ့က စခန်းကို သိမ်းပိုက် ရရှိ

Photo: Karenni Army Center- Kn.A.C
Photo: Karenni Army Center- Kn.A.C
ရှမ်း - ကယားနယ်စပ်တွင် စစ်ကောင်စီတပ်သားများ ကြောက်လန့်တကြား စခန်း စွန့်ခွာထွက်ပြေး၍ ပူးပေါင်းအဖွဲ့က စခန်းကို သိမ်းပိုက် ရရှိ
သြဂုတ် 21, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်အတွင်း ရှမ်း - ကယားနယ်စပ်ရှိ အာဏာသိမ်းစစ်‌ကောင်စီ၏ ‌စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်နီတပ်မတော်(KA)က ယနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီ၏ ခြေကုပ်စခန်းပွိုင့်အမှတ် ၅၃၅၀ (ဒေသအခေါ် တငူးဆို စခန်း)ကို ကရင်နီတပ်မတော်   နှင့် KNDF B17၊ B14 တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ကြောက်လန့်တကြားဖြစ်ကာ စခန်းစွန့်ခွာထွက်‌ပြေး သွားကြပြီး မီးရှို့ဖျက်ဆီးသွားကြကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနှောက် ရှားတောမြို့နယ်အတွင်း  စစ်ကောင်စီ၏ ကြားစခန်းအပါအဝင် ခြေကုပ်စခန်း (၈)ခုကို ယနေ့အချိန်ထိ သိမ်း ပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။