ထိုင်း - လာအို နယ်စပ်ဂိတ်များ မေလ (၉) ရက်နေ့တွင် ပြန်ဖွင့်မည်

ထိုင်း - လာအို နယ်စပ်ဂိတ်များ မေလ (၉) ရက်နေ့တွင် ပြန်ဖွင့်မည်
By Mr John

ထိုင်း - လာအို နယ်စပ်ဂိတ်ကို ၂၀၂၂ခုနှစ် မေလ (၉) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပြီဟု သိရသည်။

လာအိုက နိုင်ငံအတွင်း ဝင်ရောက်ခွင့် ကန့်သတ်ချက်များကို မေလ (၉) ရက်မှစပြီး ပယ်ဖျက်လိုက်ပြီဖြစ်ရာ ထိုင်းဘက်ကလည်း ထိုရက်တွင် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပြန်ဖွင့်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ထိုင်း - လာအို ချစ်ကြည်ရေးတံတားနှင့် Muang ခရိုင်အတွင်း မဲခေါင်မြစ်ကမ်းရှိ Tha Sadej ဆိပ်ခံတံတားကနေ ဝင်ရောက်လာမည့် လာအိုဘက်မှ ယာဥ်များအားလုံးကို ဝင်ခွင့်ပြုရန် အမိန့်ညွှန်ကြားချက်အား နောင်ခိုင်းပြည်နယ် အုပ်ချုပ်ရေးမှူး နိုင်း မွန်ဆစ် ဖိုက်ဆန်ထနဝပ်က မေလ (၈) ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း သိရသည်။



လာအိုနိုင်ငံကလည်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မေလ (၉) ရက်နေ့မှစပြီး ပြန်လည် ဝင်ရောက်ခွင့်ပြုသွားမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် COVID-19 ပထမလှိုင်းကူးစက်မှု မြင့်တက်ခဲ့ချိန် ၂၀၂၀ ခုနှစ် မတ်လကတည်းက နောင်ခိုင်းပြည်နယ် အတွင်းရှိ လာအိုနှင့် နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့သည်။

ယခုနှစ်တွင် ထိုင်းအစိုးရက နိုင်ငံအတွင်း ခရီးသွားများ ဝင်ရောက်ခွင့်ကန့်သတ်ချက် အများစုကို ဖြေလျှော့လိုက်ရာ မေလ (၁) ရက်မှစပြီး Nong Khai ပြည်နယ်အတွင်း ကုန်စည်သယ်ဆောင်သည့် ကုန်တင်ကားများကိုသာ နယ်စပ်ဖြတ်ကျော်ခွင့်ပြုထားခဲ့သည်။



နောင်ခိုင်းပြည်နယ်ရှိ ချစ်ကြည်‌ရေးတံတား (၁) မှာ ထိုင်းနှင့်လာအို နှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် အဓိက ဝင်ထွက်သွားလာရာ နယ်စပ်ဂိတ်လည်း ဖြစ်သည်။

Tha Sadej ဆိပ်ခံတံတားရှိ စက်လှေများမှာ ထိုင်းနှင့်လာအို နိုင်ငံသားများကို အသွားအပြန် ဝန်ဆောင်မှုပေးသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ နခွန်ဖာနွမ် ပြည်နယ်တွင်မူ ချစ်ကြည်ရေးတံတား (၃) နှင့် ကူးတို့ဆိပ်တစ်ခုကိုသာ ပြန်ဖွင့်သွားမည်ဖြစ်ပြီး ထိုနေရာနှစ်ခုလုံးက Muang ခရိုင်နှင့် လာအိုနိုင်ငံရှိ ခမ်မိုးနီး ပြည်နယ်ကြား ဆက်သွယ်ထားခြင်း ဖြစ်သည်။

Muang ၊ Tha Uthen နှင့် That Phanom ခရိုင်များရှိ အခြား ယာယီဖြတ်သန်းနေရာတွေကိုမူ ထိုင်းနှင့်လာအို နှစ်နိုင်ငံ အာဏာပိုင်များက နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူညီချိန်အထိ ဆက်လက် ပိတ်ထားမည်ဟု သိရသည်။



ထိုင်းနိုင်ငံအတွင်း ပြည်နယ်ပေါင်း (၇၆) ခုနှင့် အထူးအုပ်ချုပ်နယ်မြေ (၁) ခုတို့အနက် ပြည်နယ် (၁၇) ခုရှိ နယ်စပ်ဂိတ် (၃၁) ခုကို မေလ (၁) ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်ရန် သဘောတူထားကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း COVID-19 ကပ်ရောဂါဆိုင်ရာဌာန Centre for COVID-19 Situation Administration (CCSA) မှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောထားခဲ့သည်။

မေလ (၁) ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်ခွင့်ရရှိထားသည့် နယ်စပ်ဂိတ်ပေါက်များရှိရာ ပြည်နယ်များမှာ လေ့၊ နခွန်ပထုန်၊ နောင်ခိုင်၊ မုဒဟံ၊ ဘွကန်၊ စီစကစ်၊ စူရီ၊ စကဲအို၊ ကျန်ထဘူရီ၊ တာခ်၊ သရတ်၊ ကန်ချနဘူရီ၊ ရနောင်း၊ စုန်ခလာ၊ နရ်ထီဝတ်၊ ရလာနှင် စာတွန်းတို့ ဖြစ်သည်။



Source: Bangkok Post